တောင်ငူမြို့မြောက်ဘက် ဇီးဖြူပင်ဘုန်းကြီးကျောင်းလမ်း အနီး၌ အမျိုးသားတစ်ဦး ဓါးဒါဏ်များဖြင့် သေဆုံးနေ


ရေတာရှည် နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မြောက်ဘက်အထွက် ဇီးဖြူပင် ဘုန်းတော်ကြီးကျောင်းသို့ သွား သည့်လမ်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး အနီးတွင် နိုဝင်ဘာ ၁၅ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က အမျိုး သားတစ်ဦး ဓါးဒါဏ်များနှင့်သေဆုံးနေကြောင်းသတင်းရရှိခဲ့၍ တောင်ငူမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ရန် နိုင်လတ် ဦးစီးအဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။

 ညအချိန်လူအသွားအလာနဲပါးသည့် အဆိုပါလမ်းပေါ် ၌ ဓါးဒါဏ်များနှင့်လဲကျသေဆုံးနေသူမှာ မင်းသူ(၃ဝ)နှစ်၊ စပယ်ဦးလမ်း၊ (၁၁)ရပ်ကွက်၊တောင်ငူမြို့နေသူ ဖြစ်ပြီး ဝဲရင်အုံ၊ ဝဲဘက်ချိုင်း၊ ယာဘက်နံဘေးတို့တွင် ထိုးသွင်းဒါဏ်ရာတစ်ချက်စီတွေ့ရှိခဲ့ရသည်။

 ဒါဏ်ရာများကို စစ်ဆေးကြည့်ရှုသည့် မှတ်တမ်းများအရရုန်းရင်းဆန်ခတ်ပုံသဏ္ဍန်မဟုတ်ပဲ အမှတ်မထင် ယုံကြည်မှုဖြင့် အနီးကပ်ထိုးသွင်းခံရခြင်းဖြစ်ကြောင်းကြောင်း ရဲတပ်ဖွဲ့မှသုံးသပ်ထားပြီး ပြစ်မှုကျူး လွန်သူကိုဖမ်းဆီးရမိနိုင်ရန် တောင်ငူမြို့မရဲစခန်းကအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့မြောက်ဘက် ဇီးဖြူပင်ဘုန်းကြီးကျောင်းလမ်း အနီး၌ အမျိုးသားတစ်ဦး ဓါးဒါဏ်များဖြင့် သေဆုံးနေ တောင်ငူမြို့မြောက်ဘက် ဇီးဖြူပင်ဘုန်းကြီးကျောင်းလမ်း အနီး၌ အမျိုးသားတစ်ဦး ဓါးဒါဏ်များဖြင့် သေဆုံးနေ Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.