အမှတ်ကောင်းရအောင် ကာမဆက်ဆံခိုင်းခဲ့သည့် ကျောင်းဆရာမ ထောင်ချောက်ဆင် အဖမ်းခံရ


အမေရိကန်နိုင်ငံ အိုကလာဟိုးမား ပြည်နယ် က အထက်တန်းကျောင်း ဆရာမဟာ ကျောင်းသားငယ်တွေကို ဖြားယောင်းသွေးဆောင်ပြီးသူမနဲ့  ကာမဆက်ဆံနေတာကို အာဏာပိုင်တွေက ဖေါ်ထုတ် ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်ရှိ အိမ်ထောင်သည်ကျောင်းဆရာမ ဟာ Yukon အထက်တန်းကျောင်းမှာ သိပ္ပံဘာသာသင်ကြားပေးနေသူဖြစ်ပါတယ်။


သူမရဲ့ တပည့် ယောက်ကျားငယ်တွေကို အမှတ်ကောင်းရဘို့  သူမနဲ့  အိပ်ဘို့  ကမ်းလှမ်းခဲ့တယ်၊ တချို့ လည်းသူမနေတဲ့ အိမ်ကိုခေါ်ပြီး စာပြရင်း အတူအိပ်ဘို့  စည်းရုံးခဲ့တယ်လို့ လည်း သိရပါတယ်။

သူမနဲ့ ကာမဆက်ဆံနေသူ ကျောင်းသားတဦးရဲ့  ဖုန်းမှတ်တမ်းမှာ ဆရာမနဲ့  အိပ်နေတဲ့ပုံတွေ ကို ကျောင်းသာမိဘတွေကတွေ့ သွားခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။


စုံစမ်းရေးအဖွဲ့ တွေက ကျောင်းသားဖုန်းနဲ့  သုံးပြီး သူမကို မက်စေ့ပို့ ထောင်ချောက်ဆင်ဖမ်းခဲ့ပါတယ်၊ ကျောင်းသားငယ် ကဆက်သွယ်တဲ့ပုံမျိုးနဲ့  အိမ်လာမယ်လို့  ချိန်းလိုက်တဲ့အခါမှာ ဆရာမက တံခါးအဆင်သင့်ဖွင့်ထားတယ် ၀င်လာခဲ့လို့  အကြောင်းပြန်ခဲ့တယ်။


တအိမ်လုံးအမှောင်ချထားပြီး ဖယောင်းတိုင်မီးထွန်းကာ ခရစ်စမတ် ၀တ်စုံနဲ့  ကျောင်းသားအလာကိုစောင့်နေတဲ့ ဆရာမဟာ စစ်ဆေးရေးအဖွဲ့ တွေ အိမ်တွင်း ရုတ်တရက်ဝင်လာ တာကြောင့် လန့် သွားခဲ့ပါတယ်။ဆရာမရဲ့ နေအိမ်အတွင်းမှာ ခလေးငယ်တွေနဲ့ ကာမဆက်ဆံနေတဲ့ ရုပ်သံ မှတ်တမ်းတွေလည်း တွေ့ ရှိခဲ့တယ်လို့  ပြည်နယ်ရဲတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Social Action for Children and Women - SAW
အမှတ်ကောင်းရအောင် ကာမဆက်ဆံခိုင်းခဲ့သည့် ကျောင်းဆရာမ ထောင်ချောက်ဆင် အဖမ်းခံရ အမှတ်ကောင်းရအောင် ကာမဆက်ဆံခိုင်းခဲ့သည့် ကျောင်းဆရာမ ထောင်ချောက်ဆင် အဖမ်းခံရ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.