ထားဝယ် နိုဝင်ဘာ ၎
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ဆန်းချီတိုးချဲ့ရပ် တိုင်း ဒေသကြီးလွှတ်တော်ရုံး အဆောက် အအုံ၏အနောက်ဘက်တွင် နိုဝင်ဘာလ ၃ ရက် နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဦးခေါင်းခွံနှင့်အရိုးစုများ ပြန့်ကျဲနေ သည်ကို တွေ့ရှိရပြီး လူရိုးများဖြစ် ကြောင်း သိရသည်။
ထို့နောက် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့်အဖွဲ့ ဝင်များ၊ ဝဲကျွန်းမြို့သစ်ရပ် ရာအိမ် မှူး ဦးတင်ထွန်းတို့အဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးရာ ဦးခေါင်းခွံ နှင့် ယင်းအနီးတွင် ဂျင်းအင်္ကျီအပြာ ရောင်နှင့် အမည်းရောင်အောက်ခံ ပေါ်တွင် အဝါရောင်နှင့် အနီရောင် ပန်းပွင့်များပါ စကတ်အင်္ကျီအတွင်း အရိုးစုများတွေ့ရှိရပြီး ယင်းအနီး တစ်ဝိုက်၌အရိုးများပြန့်ကျဲနေသည် ကို
တွေ့ရှိရကြောင်းနှင့် အရိုးစုများအား စုစည်း၍ ဦးခေါင်းခွံနှင့် အရိုးစု များအား အသက်စိစစ် ခန့်မှန်းပေး နိုင်ရန်၊ သေဆုံးသည့် နေ့/ရက် တို့အား ခန့်မှန်းပေးနိုင်ရန်နှင့် မည်သည့်အတွက်ကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း စစ်ဆေးပြန် ကြားပေးနိုင်ရန်အတွက် ထားဝယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ သည်။
ဆက်လက်၍ ဦးခေါင်းခွံနှင့် အရိုးစုများတွေ့ရှိခြင်းအပေါ် ဓမ္မ တာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ယနေ့ နံနက် ဝဝ နာရီ ၁ဝ မိနစ်တွင် ထားဝယ်မြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် (၂၁/၂ဝ၁၇) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျော်ကျော်လတ်(ထားဝယ်)
The Union Daily
https://www.facebook.com/uniondaily.net/
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံးအဆောက်အအုံ၏ အနောက်ဘက်တွင် ဦးခေါင်းခွံနှင့်အရိုးစုများ ပြန့်ကျဲနေ
Reviewed by THITHTOOLWIN
on
20:05
Rating:
