တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူ မဒဲကျွန်းတွင် တောင်သူတစ်ဦး ကြိုးဆွဲချသေဆုံး


နိရဉ္စရာ၊ နိုင်ဝင်ဘာ ၂၀

တရုတ်ရေနံတင် ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းကျေးရွာအုပ်စု၊ ကျောက်တန်း ကျေးရွာတွင် နိုဝင်ဘာလ ၁၇ ရက် နံနက်(၉)နာရီခန့်က တောင်သူတစ်ဦး ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်တန်းကျေးရွာနေထိုင်သူ တောင်သူလယ်သမား ဦးဖြူမောင်ဦး (၆၄)နှစ် ဖြစ်သည်။

၎င်းပိုင်ဆိုင်သော လယ်ကွက်အနီး စားကျက်မြေရှိ ဇီးပင်အကိုင်းတွင် အရှည်(၆)တောင်ခန့် အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် လည်ပင်တွင် ချဉ်နှောင်၍ ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိကြောင်း မဒဲကျွန်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သေဆုံးသူတွင် လည်ပင်းညိုမဲဒဏ်ရာ ရရှိခဲ့ပြီး အရှည်(၆)တောင်ခန့်ရှိသော နိုင်လွန်ကြိုး (၁)ချောင်း၊ ၀တ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ အနီရောင် ဂတ်စ်မီးခြစ်(၁)လုံး၊ ဆေးလိပ်တို(၁)ခု၊ ငွေ(၂၀၀)ကျပ်တန်(၁)ရွက်၊ အစိမ်းရောင်ဖိနပ်(၁)ရံ တွေ့ရှိကြောင်း သိရသည်။

သေဆုံးသူတွင် ပြင်ပဒဏ်ရာတစ်စုံတရာမတွေ့ရဘဲ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးရန် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ခြင်း၊ သက်သေခံပစ္စည်းများ စစ်ဆေးခြင်းနှင့် ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း ( ကျောက်ဖြူ )
Narinjara
https://www.facebook.com/Narinjara-151742128171206/
တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူ မဒဲကျွန်းတွင် တောင်သူတစ်ဦး ကြိုးဆွဲချသေဆုံး တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူ မဒဲကျွန်းတွင် တောင်သူတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 16:00 Rating: 5
Powered by Blogger.