ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ ရောက်ရှိ

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကြိုဆိုနေစဉ်။ ဓါတ်ပုံ- ဝေလင်း)
နိုဝင်ဘာ ၂၊ DMG

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော UEHRD ကော်မတီအဖွဲ့ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က စစ်တွေလေဆိပ်သို့ရောက်ရှိနေကြောင်း DMG သတင်းထောက် နေဝင်းစံက ပြောသည်။

“ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရောက်ရှိနေပါပြီ။ အခု လေဆိပ်က VIP နားနေဆောင်မှာ ဒီက လူငယ်တွေနဲ့ တွေ့ဆုံနေကြပါတယ်။ ဆက်ပြီး ဘယ်ကိုသွားမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ မောင်တော တောင်ပြိုလက်ဝဲဘက်ကို သွားမယ်လို့ သိရတာပဲ။ ” ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပါ လိုက်ပါလာပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံမှုကို မီဒီယာသမားများ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးပြီးရင် ပြန်လည်ထွက်ခွာခဲ့ရသည်။

Development Media Group
https://www.facebook.com/dmgnewsagency
ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ ရောက်ရှိ ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ ရောက်ရှိ Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.