ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ နိုဝင်ဘာ ၁၅

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကို(၄၈)နှစ်သည် ရုံး၌ရှိနေစဉ် ကျန်စစ်သား လမ်းတွင် စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံးကြောင်း သတင်းအရ သွားရောက်ကြည့်ရှု မေးမြန်းရာ ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါလမ်းနေ သန်းတိုး(၄၈)နှစ်သည် နေအိမ်တွင် မိသားစုနှင့်အတူ TV ကြည့်နေစဉ် ညီဖြစ်သူ ချောကြီး(ခ)သန်းနောင်(၃၈)နှစ်ရောက်ရှိလာပြီး ဆူညံကြောင်း ပြောဆိုရာမှ ညီအစ်ကို နှစ်ဦးစကားများရန်ဖြစ်၍ လုံးထွေးသတ်ပုတ်ကြရာ ချောကြီး(ခ)သန်းနောင်မှ သန်းတိုးအား ရေပိုက်ပြင်သည့်ခွရှင်ဖြင့် ရိုက်သောကြောင့် ဒဏ်ရာများရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသည်။

အဆိုပါ လူသတ်မှုအား အရေးယူပေးရန် တိုင်တန်းချက်အရ ချောကြီး(ခ)သန်းနောင်အား ဒဂုံအရှေ့မြို့မရဲစခန်း (ပ)၁၀၆၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.