ရန်ကုန်-သန်လျင် တံတာပေါ်၌ သင်္ကာဖွယ် ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီးနှင်းလာသူ သုံးဦးအနက် နှစ်ဦးပဲခူးမြစ်အတွင်း ခုန်ချထွက်ပြေး


ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ ရန်ကုန်-သန်လျင် တံတားပေါ်၌ နိုဝင်ဘာ ၁၅ ရက် နံနက် ၄ နာရီမိနစ် ၁၀ အချိန်ကမင်္သကာဖွယ် ဆိုင်ကယ်နှစ်စီးအားရပ်တန့်စစ်ဆေးရာဆိုင်ကယ်စီးနှင်းလာသူသုံးဦးအနက် နှစ်ဦးမှာပဲခူးမြစ်အတွင်းခုန်ချထွက်ပြေးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာသန်လျင်မြို့အတွင်းဆိုင်ကယ်ခိုးမှုများ ဖြစ်ပွားမှုရှိသဖြင့် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှ ဒုရဲအုပ် မျိုးအောင်နှင့်အဖွဲ့သည် သန်လျင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ သက်သေများပါဝင်သောပူးပေါင်းအဖွဲ့နှင့်အတူရန်ကုန်-သန်လျင် တံတားပေါ်ရှိရေလည်တံတားကင်းရုံတွင် ကင်းပုန်းဝပ် တာဝန်ထမ်းဆောင်နေစဉ် သန်လျင်ဘက်မှ သာကေတဘက်သို့ ဖြတ်သန်းမောင်းနှင်လာသောမသင်္ကာဖွယ်ဆိုင်ကယ်နှစ်စီးအားရပ်တန့်စစ်ဆေးရာအဆိုပါ ဆိုင်ကယ်နှစ်စီးမှာသန်လျင်မြို့ဘက်သို့ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသောကြောင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးရာဆိုင်ကယ်အမှတ် ၂၅ယ/----- KENBO 125 ခဲရောင်ဆိုင်ကယ်မှာ (သော့မပါ) ဇာတ်သော့ချိုးထားသည့် ဆိုင်ကယ်အားစီးနှင်းမောင်းနှင်လာသူသိန်းနွယ်ဦးအသက် (၃၀) နှစ်၊ အောင်သုခလမ်း၊ သီတာစမ်းရပ်ကွက်၊ ဒေါပုံမြို့နယ် နေသူအားဖမ်းဆီးရမိပြီးဆိုင်ကယ်အမှတ် ၅၀ယ/---- Haojue Lucky နီ/နက်ကြား(သော့မပါ) ဇာတ်သော့ချိုးထားသည့် ဆိုင်ကယ်အားစီးနှင်းမောင်းနှင်လာသူမောင်ငယ် (စုံစမ်းဆဲ)နှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနှင်းလာသူအေးလွင်လေး (ခ) ကုလားလေး (စုံစမ်းဆဲ) တို့သည် ဆိုင်ကယ်အားရန်ကုန်-သန်လျင် တံတားပေါ်တွင် ရပ်တန့်ထားခဲ့ပြီးရန်ကုန်-သန်လျင် တံတားဘောင်ပေါ်မှ တဆင့် ပဲခူးမြစ်အတွင်းသို့ ခုန်ချ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူသိန်းနွယ်ဦးစီးနှင်းလာသောဆိုင်ကယ်အမှတ် ၅၂ယ/--- KENBO 125 ဆိုင်ကယ်နှင့် ဆိုင်ကယ်အမှတ် ၅၀ယ/---- Haojue Lucky နီ/နက်ကြားဆိုင်ကယ်နှစ်စီးနှင့်ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိ
သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ထိုသို့ ဆိုင်ကယ်နှစ်စီးအားပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသောသိန်းနွယ်ဦးနှင့် ပဲခူးမြစ်အတွင်းခုန်ချထွက်ပြေးသွားသောမောင်ငယ်နှင့် အေးလွင်လေး (ခ) ကုလားလေးတို့အားသန်လျင်မြို့မရဲစခန်းမှအမှုဖွင့်ထားပြီးပဲခူးမြစ်အတွင်းခုန်ချထွက်ပြေးသွားသူ နှစ်ဦးအားဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-သန်လျင် တံတာပေါ်၌ သင်္ကာဖွယ် ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီးနှင်းလာသူ သုံးဦးအနက် နှစ်ဦးပဲခူးမြစ်အတွင်း ခုန်ချထွက်ပြေး ရန်ကုန်-သန်လျင် တံတာပေါ်၌ သင်္ကာဖွယ် ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီးနှင်းလာသူ သုံးဦးအနက် နှစ်ဦးပဲခူးမြစ်အတွင်း ခုန်ချထွက်ပြေး Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.