တပ်မတော်ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပေမယ့် ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူထုတ်ဖို့ အဆို အတည်ပြု


အသစ်ရိုက်ထုတ်မယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ ရိုက်နှိပ်ထုတ်ဝေဖို့ အဆိုကို ထောက်ခံမဲ အများစုနဲ့ ပြည်သူ့လွှတ်တော်က ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို မြိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းတာ ဖြစ်ပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပေမယ့် အဆုံးမှာတော့ အဆိုကို ထောက်ခံမဲ (၂၈၆) မဲ၊ ကန့်ကွက်မဲ (၁၀၉)မဲ နဲ့ လွှတ်တော်က အတည်ပြုခဲ့တယ်လို့ စေတုတ္တရာမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောပါတယ်။

လက်ရှိငွေစက္ကူတွေကို ပြန်လည်သိမ်းမှာ မဟုတ်ဘဲ ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေအစား အသစ်ထုတ်မယ့် ငွေစက္ကူတွေကိုပဲ ဗိုလ်ချုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ