ဗုဒ္ဓရုပ်ပွားတော် ပါကစ္စတန်မှာ တွေ့ရှိ


ပါကစ္စတန်နိုင်ငံမှာ မြေအောက်ကတူးဖေါ်ရရှိခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇ဝဝ ခန့်က လျောင်းတော်မူ မြတ်စွာဘုရား ရုပ်ပွားတော်တဆူကို ဗုဒ္ဓဟူးနေ့က ပြသခဲ့ပါတယ်။ Bhamala ဘာမာလာပြည်နယ် မှာရှိတဲ့ အဲဒီရှေးဟောင်းဘုရားဒေသကို ၁၉၂၉ ခုနှစ်ကစတင်တွေ့ရှိပြီး အခုနောက်ဆုံးတူးဖေါ်ရရှိတဲ့ ရုပ်ပွားတော်ဟာ ဥာဏ်တော် ၄၈ ပေရှိပါတယ်။


ဒါဟာ အေဒီ ၃ ရာစုကလက်ရာဖြစ်ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး ရုပ်ပွားတော်တဆူဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အမွေအနှစ်ပါပဲလို့ ပညာရှင်တဦးကပြောပါတယ်။

အဲဒီ ဘာမာလာပြည်နယ်ဟာ အသောကမင်းကြီး လက်ထက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃ဝဝ ကျော်က ဗုဒ္ဓသာသနာ ပျံ့ပွားထွန့်ကားခဲ့တဲ့ အချက်အချာဒေသဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဗုဒ္ဓရုပ်ပွားတော် ပါကစ္စတန်မှာ တွေ့ရှိ ဗုဒ္ဓရုပ်ပွားတော် ပါကစ္စတန်မှာ တွေ့ရှိ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.