အစိုးရနှုတ်ထွက်​​ပေးရေး သပိတ်​စခန်းဖွင့်လှစ်​ခဲ့သည့် သံဃာ​တော်​များကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်​တင်​လိုက်​ပြီ


အစိုးရနှုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့်လှစ်ခဲ့သည့် သံဃာတော်များနှင့် ၀န်းရံသူ ကိုကျော်မျိုးရွှေ တို့ကို နိုဝင်ဘာလ ၂၉ရက်နေ့က ချမ်းမြသာစည်မြို့နယ်တရား၌ (၁၃)ကြိမ်မြောက်ရုံးထုတ်ခဲ့ရာ မူလစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်​တင်​လိုက်​​ကြောင်း သိရသည်​။

ထိုသို့ တရားရုံးထုတ်ရာတွင် အစိုးရနှုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့်လှစ်ရာ၌ ပါဝင်သူအဖြစ် ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကိုကျာ်မျိုးရွှေမှာ မန္တလေးခရိုင်တရားရုံးသို့ အာမခံလျှောက်ထားရာ၌ ပယ်ချခံခဲ့ရသဖြင့် ၎င်း၏အမှုကို မြို့နယ်တရားရုံးက စတင်စစ်ဆေးခဲ့ပြီး
သံဃာတော်များအား စွဲဆိုခဲ့သောအမှုတွင် တရားလိုပြသက်သေ နှစ်ဦးအနက် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးဦးအောင်စံအား စစ်ဆေးခဲ့ကာ ကျန်တစ်ဦးမှာ ခွင့်တင်ခဲ့သည့်အတွက်စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ဒီဇင်ဘာလ ၃ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကာ သံဃာ​တော်​(၆)ပါးကို စွဲချက်​တင်​ အမိန့်ချခဲ့ခြင်းဖြစ်သည်။


မဟာမြတ်မုနိဘုရးကြီး သာသနာ ၂၅၀၀ ဗိမာန်တော်အတွင်း သြဂုတ် ၃ရက်နေ့က စတင်၍ သံဃာတော်တစ်ချို့နှင့် လူပုဂ္ဂုလ်အချို့မှ အစိုးရနှုတ်ထွက်ပေးရန် သပိတ်စခန်းဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက်နှင့်အတူ သက်ဆိုင်ရာမှ သြဂုတ် (၅)ရက် နံနက် ၀၂း၁၅အချိန်တွင် သပိတ်စခန်းကို ဖယ်ရှားခဲ့ပြီး ပါဝင်သူ သံဃာတော် (၆)ပါးကို ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ရာ နိုဝင်​ဘာလ ၂၉ ရက်​နေ့ ၁၃ ကြိမ်​မြောက်​ တရားရုံးထုတ်​တွင်​ စွဲချက်​တင်​​ကြောင်းအမိန့်​ချမှတ်ကာ ဒီဇင်​ဘာလ ၆ ရက်​​နေ့တွင် တရားလိုပြသက်​​သေ ၃ ဦးအားပြန်လည်ခေါ်ယူစစ်​​ဆေးသွားမည်ဖြစ်ကြောင်း သိရသည်​။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
အစိုးရနှုတ်ထွက်​​ပေးရေး သပိတ်​စခန်းဖွင့်လှစ်​ခဲ့သည့် သံဃာ​တော်​များကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်​တင်​လိုက်​ပြီ  အစိုးရနှုတ်ထွက်​​ပေးရေး သပိတ်​စခန်းဖွင့်လှစ်​ခဲ့သည့် သံဃာ​တော်​များကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်​တင်​လိုက်​ပြီ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.