နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံစဉ်။ Photo: Ministry of Foreign Affairs Myanmar's facebook |
မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတဲ့ အမျိုးသားဇာတ်ရုံပြုပြင်မွမ်းမံရေးစီမံကိန်းနဲ့ ဆင်းရဲနွမ်းပါး မှုလျော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေကြား ဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက် ၁၁ နာရီခန့်မှာ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
တရုတ်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
Reviewed by THITHTOOLWIN
on
20:11
Rating: