အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် ဗုံးထောင်နေစဉ် ပေါက်ကွဲသဖြင့် စစ်သွေးကြွ ၇ ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် တာလီဘန်များ ဗုံးခွဲဖျက်ဆီးထားသည့် အစိုးရရုံး တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
 ကွန်ဒုစ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုစ်ပြည်နယ် အီမန်ဆာဟစ်ခရိုင်တွင် နိုဝင်ဘာလ ၁၉ ရက်က မိုင်းဗုံးတပ်ဆင်နေစဉ် ပေါက်ကွဲသွားသဖြင့် တာလီဘန်စစ်သွေးကြွ ၇ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး Mahboubullah Sayedi က ပြောကြားခဲ့သည်။

“အီမန်ဆာဟစ်ခရိုင်က လမ်းပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး ဒီနေ့မနက် အစောပိုင်း မိုင်းဗုံးတစ်ခု တပ်ဆင်နေခဲ့တယ်။ ဒါပေမဲ့ တပ်ဆင်နေဆဲမှာပဲ ဗုံးပေါက်ကွဲသွားလို့ တာလီဘန် စစ်သွေးကြွ ၇ ဦး နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ အခြားသူ ၂ ဦးလဲ စိုးရိမ်ဖွယ် ဒဏ်ရာတွေ ရခဲ့တယ်” ဟု Sayedi က ဆင်ဟွာသို့ ပြောသည်။

ယင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် Nasratullah Jamshidi ကလည်း အတည်ပြု ပြောကြားခဲ့သည်။ ယင်း ဖြစ်ရပ်အေပါ် တာလီဘန်များဘက်မှ မှတ်ချက်ပြုပြောကြားထားသည့် သတင်းမရှိသေးပေ။

(Xinhua)
http://xinhuamyanmar.com
အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် ဗုံးထောင်နေစဉ် ပေါက်ကွဲသဖြင့် စစ်သွေးကြွ ၇ ဦး သေဆုံး အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် ဗုံးထောင်နေစဉ် ပေါက်ကွဲသဖြင့် စစ်သွေးကြွ ၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.