အမြန်လမ်းမကြီး၌ နံနက်စောစော ယာဉ်မတော်တစ်ဆမှု နှစ်ကြိမ်ဖြစ် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ


နေပြည်တော် နိုဝင်ဘာ -၅

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့နံနက်စောစော မိုးမလင်းခင် ယာဉ်မတော်တစ်ဆမှု နှစ်မှုဖြစ်ပွား၍ နှစ်ဦးသေဆုံကာ လေးဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမြန်လမ်းမကြီး၏အုတ်ရှစ်ကုန်းလမ်းပိုင်း မိုင်တိုင်အမှတ် ၆၃/၁ နှင့် ၆၃/၂ အကြားယာဉ် မောင်း ဇင်မင်းနိုင် မောင်နှင်လာသော Probox succeed မော်တော်ယာဉ်မှာယနေ့နံနက် ၃နာရီခန်က ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းတိုက်ပြီးမီး လောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်တွင် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးသေဆုံးခဲ့သည်။

အလားတူနံနက် ၅ နာရီခွဲက ပေပင်လေးအမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၂၅၁/၇ နှင့် ၂၅၂/၀ အကြားယာဉ်မောင်း လွမ်းဝေ မောင်နှင်လာသော Fielderယာဉ်မှာ လမ်းဘေးတွင်ရပ်ထားသော ယာဉ်မောင်း အောင်မျိုးမြတ်မောင်းနှင်သည့် light truckယာဉ်အား ဝင်တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့်light truck ယာဉ်ပေါ်ပါ ၁၇ ဦး အနက် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သို့ပါ၍ဒဏ်ရာရှိသူများနှင့်သေဆုံးသူရုပ်အလောင်းများအားတပ်ဖွဲ့ပိုင်ယာဉ်ဖြင့်သက်ဆိုင်ရာဆေးရုံများသို့ ပိုဆောင်ပေးခဲ့ရပြီး ဖြစ်စဉ်မှယာဉ်မောင်းများအား သက်ဆိုင်ရာအပိုင်ရဲစခန်းများမှအမှုဖွင့်အရေးယူထား ကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းမကြီး၌ နံနက်စောစော ယာဉ်မတော်တစ်ဆမှု နှစ်ကြိမ်ဖြစ် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ အမြန်လမ်းမကြီး၌ နံနက်စောစော ယာဉ်မတော်တစ်ဆမှု နှစ်ကြိမ်ဖြစ် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.