ဘင်္ဂလားဒေ့ရှ်၌ လေယာဉ်မှူးအပါအဝင် လူ ၄ ဦးအား လေယာဉ်အပိုင်စီးရန် ကြံစည်မှုဖြင့်ဖမ်းဆီး

လေယာဉ်အပိုင်စီးရန် ကြိုးပမ်းသူများအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဒါကာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေးတပ်ဖွဲ့ (RAB) က လေယာဉ်တစ်စီးအား အပိုင်စီးရန် ကြိုးပမ်းကြံရွယ်မှုဖြင့် လေယာဉ်မှူးတစ်ဦးအပါအဝင် လူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

RAB ပြောရေးဆိုခွင့်ရှိသူ Mufti Mahmud Khan က Jamaatul Mujahideen Bangladesh (JMB) စစ်သွေးကြွအဖွဲ့ ဝင်များကို ဖမ်းဆီးခဲ့သည့် သတင်းအား အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့သည်။

၎င်းက ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ  ပူးတွဲလေယာဉ်မှူး(ပထမအရာရှိ) Sabbir Amam အပါအဝင် စစ်သွေးကြွအဖွဲ့ ဝင်များကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့သည်။

Khan က ဆက်လက်ပြောကြားရာတွင် ၄င်းစစ်သွေးကြွများအား ဒါကာမြို့ တွင် အောက်တိုဘာ ၃ဝ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

JMB စစ်သွေးကြွများသည် လေယာဉ်တစ်စီးအား ပြန်ပေးဆွဲရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း သိရသည်။

JMB အဖွဲ့ သည် ၂ဝဝ၅ ခုနှစ် သြဂုတ်လ ၁၇ ရက်တွင် ဒါကာမြို့ ၌ လူ ၂ ဦးသေဆုံးပြီး ၁၅ဝ ကျော်ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ခရိုင်ပေါင်း ၆၄ ခု၌ ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၆၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

JMB ခေါင်းဆောင်များ နှင့် တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာသည်ဖမ်းဆီးခံခဲ့ရပြီး ၄င်းတို့ အဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သည့် Shaik Abdur Rahman အပါအဝင် ထိပ်တန်းခေါင်းဆောင် ၆ ဦးသည် ၂ဝဝ၇ ခုနှစ်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘင်္ဂလားဒေ့ရှ်၌ လေယာဉ်မှူးအပါအဝင် လူ ၄ ဦးအား လေယာဉ်အပိုင်စီးရန် ကြံစည်မှုဖြင့်ဖမ်းဆီး ဘင်္ဂလားဒေ့ရှ်၌ လေယာဉ်မှူးအပါအဝင် လူ ၄ ဦးအား လေယာဉ်အပိုင်စီးရန် ကြံစည်မှုဖြင့်ဖမ်းဆီး Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.