ပုပ်ရဟန်းမင်းကြီးမလာခင် အစွန်းရောက်တွေကို ဘင်္ဂလားဒေ့ရှ် တိုးမြှင့်နှိမ်နင်း

Photo: Pope Francis Twitter
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လာရောက်ဖို့ရှိတာကြောင့် အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို အရှိန်မြှင့်ပြီး နှိမ်နင်းနေပါတယ်။

အစွန်းရောက်တွေ ပုန်းအောင်းနေတဲ့ အိန္ဒိယနယ်စစ်အနီးမှာ ဒီကနေ့ မနက်ပိုင်းက သွားရောက် နှိမ်နင်းရာမှာ အစွန်းရောက်လို့ယူဆရသူ ၃ ဦး ကျဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လက်နက်ချအဖမ်းခံဖို့ ပြောတာကို လက်မခံပဲ သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့တာလို့ အရာရှိတစ်ဦးက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာမယ့် ကြာသပတေးနေ့မှာ ၃ ရက်ကြာ အလည်အပတ်ရောက်ရှိမှာ ဖြစ်ပြီး၊ မြန်မာနယ်စပ်အနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်မယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပုပ်ရဟန်းမင်းကြီးမလာခင် အစွန်းရောက်တွေကို ဘင်္ဂလားဒေ့ရှ် တိုးမြှင့်နှိမ်နင်း ပုပ်ရဟန်းမင်းကြီးမလာခင် အစွန်းရောက်တွေကို ဘင်္ဂလားဒေ့ရှ် တိုးမြှင့်နှိမ်နင်း Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.