သားမက် ရေနစ်သေလို့ သွားကြည့်တဲ့ ယောက္ခမ ကားတိုက်သေဆုံး


နိုဝင်ဘာလ ၂၈ ရက်ေ်န့ မနက်​ ၀၀း၁၀ မိနစ်​အချိန်​တွင်​ ပဲခူးမြို့နယ်​ ဘုရားက​လေး​ကျေးရွာ
ရန်​ကုန်​  - မန္တလေး ပုံမှန်​ကားလမ်း မိုင်​တိုင်​အမှတ်​ ၆၃/၀ နှင့် ၆၃/၁ အကြား ​အေး​စေတီဘုန်းကြီး​ကျောင်း အ​ရှေ့တွင်​ သားမက် ရေနစ်သေလို့ သွားကြည့်တဲ့ ယောက္ခမ ကားတိုက်သေဆုံး ကြောင်း သိရပါသည်။


သားမက်​ဖြစ်​သူ ​ရေနစ်​​သေဆုံး​ကြောင်း ကြားသိရသဖြင့် ခင်​တန်းကြီးရပ်​ကွက်​သို့ သွား​ရောက်​ကြည့်ရှုသူ ဦးမြင့်နိုင် အ​သက်​၄၈နှစ် ​(ဘ) ဦး​အောင်​ရီ ခင်​တန်းကြီးရပ်ကွက် ၊ ​ဘုရား​​လေး​ကျေး​ရွာ​​​နေထိုင်သူ မောင်းနှင်လာသော ကျွဲလှည်းသည် လမ်းမအနောက်ဘက်ဘေးမှ လမ်းမကြီးပေါ်သို့ တက်စဉ် ဒိုက်ဦးမြို့ဘက်မှ ပဲခူးမြို့ဘက်သို့မောင်းနှင်လာသော ယာဉ်မောင်း (အမည်/အသက်/နေရပ်/စုံစမ်းဆဲ/တိမ်းရှောင်)နှင့်အတူ လိုက်ပါလာသူ ဦးထွန်းထွန်း အသက်၅၀နှစ်(ဘ)ဦးချစ်တင် ဟင်္သာကုန်း(၁၈)ရပ်ကွက် ပဲခူးမြို့နေသူစီးနင်းလိုက်ပါလာသော ယာဉ်အမှတ် KYN - 5H/7164 CRV အမျိုးအစား အဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းမှာ တိမ်းရှောင်သွားခဲ့သည်။


ယာဉ်တိုက်မူကြောင့် ကျွဲလှည်းမောင်းသူ ဦးမြင့်နိုင်မှာ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာပါးပွန်းပဲ့ဒဏ်ရာ၊ ယာလက်မောင်းပွန်းပဲ့ ဒဏ်ရာဖြင့် နေရာတွင်သေဆုံးသွားပြီး ဦးထွန်းထွန်းမှာ နှဖူး ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ကျွဲလှည်းမှာ လုံးဝပျက်စီးသွားကာ ကျွဲထီးတကောင်မှာ ပေါင်ကျိုးသွားသည်။

ဖြစ်စဉ်နှင့် ပါတ်သက်ပြီး လူသေဆုံး/ဒဏ်ရာရအောင် မောင်းနှင်သူ ယာဉ်မောင်းအား အရေးယူပေးပါရန် ယာဉ်ထိန်းဒုရဲအုပ်သီဟအာင်မှတိုင်တန်းသဖြင့် ဘုရားကြီးနယ်မြေရဲစခန်းမှ ယာဉ် (ပ)၈၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားပြီးတာဝန်မှုး ဒုရဲအုပ်စိုးသူ မှတရားလိုနှင့် သက်သေများကို စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ သေဆုံးသူနှင့်ဒဏ်ရာရသူများအားဆေးရုံသို့ပို့
ဆောင်ခြင်း၊ အစရှိသည့် ရဲလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သီဟရာဇာ(ဘုရားကြီး)
မှုခင်းရှုထောင့်မီဒီယာအဖွဲ့
ဘုရားကြီးမြို့ရုံးခွဲ
သားမက် ရေနစ်သေလို့ သွားကြည့်တဲ့ ယောက္ခမ ကားတိုက်သေဆုံး သားမက် ရေနစ်သေလို့ သွားကြည့်တဲ့ ယောက္ခမ ကားတိုက်သေဆုံး Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.