စကားများရန်ဖြစ်ရာမှ ပေါက်တူးဖြင့် ခုတ်ခြင်းကြောင့် လူသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေ၊ ဇလုပ်ကြီးကျေးရွာမှာ နိုဝင်ဘာ(၆)ရက် မွန်းလွဲပိုင်းက စကားများရန်ဖြစ်ရာက ပေါက်တူးနဲ့ ခုတ်တာကြောင့် လူသေဆုံးခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေရဲစခန်း အစီရင်ခံစာအရ သိရပါတယ်။

ဖြစ်စဉ်မှာ လယ်ကွက်ထဲကိုကျွဲတွေဝင်ရောက်တဲ့ကိစ္စကို ပြောဆိုရာက အချေအတင်စကားများကာ ပေါက်တူးနဲ့ခုတ်တာဖြစ်တယ်လို့ သိရပါတယ်။ ပေါက်တူးနဲ့ အခုတ်ခံရသူဟာ ဘယ်ဘက်လက်ဖျံမှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်းမှာ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ကုသပေမယ့် သွေးထွက်လွန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ပေါက်တူးနဲ့ခုတ်ခဲ့တဲ့ သူဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ပဲနွယ်ကုန်းနယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၂)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပဲ့ကိုင်ရှင်(ညောင်လေးပင်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
စကားများရန်ဖြစ်ရာမှ ပေါက်တူးဖြင့် ခုတ်ခြင်းကြောင့် လူသေဆုံး စကားများရန်ဖြစ်ရာမှ ပေါက်တူးဖြင့် ခုတ်ခြင်းကြောင့် လူသေဆုံး Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.