ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့် ငွေတောင်းခံနေ​သောအုပ်​စုမှ တစ်ဦး ဖမ်းဆီးရမိ


မန္တ္တလေးမြို့တွင် ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့်၍ ငွေတောင်းခံနေ​သောအုပ်​စုမှ တစ်ဦးအား နိုဝင်ဘာလ ၇ ရက် နံနက်​ပိုင်းက သီရိမန္တလာကားကြီးကွင်း၌ ဖမ်းဆီးရမိ​ကြောင်း စည်ပင်သာယာ​ရဲတပ်ဖွဲ့(မန္တ္တလေး)မှ သိရသည်။

ဖြစ်​စဉ်​မှာ နိုဝင်​ဘာ ၇ ရက်​ နံနက်​ ၅:၄၅နာရီအချိန်​ခန့်​က မူဆယ်မြို့မှ မန္တ​လေးမြို့ သီရိမန္တလာကားကြီးကွင်းသို့ ​ရောက်​ရှိလာ​သော ခရီးသည် ဦး​အောင်​​ကျော်​မိုးနှင့်​အဖွဲ့(၇ ဦး) သည် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာသို့ပြန်ရန် ကားလက်​မှတ်​စုံစမ်းစဉ်​ သီရိမန္တလာကားကြီးကွင်း​ရှေ့၌ ဆိုင်​ကယ်​ကယ်​ရီ​မောင်းသူ စိုင်း​မောင်​(ခ) စိုးထိုက်​​အောင်​နှင့်​ မန်းဝင်း(စီစစ်​ဆဲ)တို့က Light Ace ကားအဖြူဖြင့်​ ဂိတ်ကိုလိုက်ပို့မည်ဟုဆိုကာ ၃၁ လမ်းနှင့် ၇၇ လမ်းထောင့်ရှိ တရားမဝင်​လက်မှတ် အရောင်းဆိုင်သို့ခေါ်​ဆောင်​ကာ အငှားကားခ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်​ဖြင့်​ အသွားအပြန်​ ၁၄၀၀၀၀ ကျပ်​၊ ကားလက်​မှတ်​ခ တစ်​ဦးလျှင်​ ၅၅၀၀ ကျပ်​ဖြင့်​ ၇ဦးစာ ၃၈၅၀၀ ကျပ်​အား အတင်းအကြပ်​ တောင်းယူအပြီး မန်းဝင်းဆိုသူကလည်း ခရီးသည်​ ဦး​အောင်​ကျာ်​မိုး၏ အိတ်​အတွင်းမှ ၄၀၀၀ ကျပ်​ကို အဓမ္မယူ​ဆောင်​သွားကြခြင်းဖြစ်​သည်​။


အဆိုပါဖြစ်​စဉ်​အား သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ ခရီးသည်​များက လာ​ရောက်​တိုင်​ကြားရာ စည်ပင်သာယာ​ရဲတပ်ဖွဲ့(မန္တ္တလေး)မှ တပ်​ဖွဲ့ဝင်​များက ကျူးလွန်​သူများအား စုံစမ်းရှာဖွယ်​ရာ သီရိမန္တလာကားကြီးကွင်း ဝင်​​ပေါက်​အနီး၌ ​တွေ့ရှိဖမ်းဆီးရမိကာ ဥပ​ဒေအရအ​ရေးယူနိုင်​ရန်​ အမှတ်​ ၈ ရဲစခန်းသို့ ပို့အပ်​ခဲ့သည်​။

မန္တလေးမြို့​တော်​စည်ပင်သာယာရေးကော်မတီသည်​ တရားမဝင်ကားဂိတ်​ဖွင့်​လှစ်​၍ လက်မှတ်များ ရောင်းချနေသည့် ဂိတ်များကို နိုဝင်ဘာလ ၄ ရက်မှစတင်၍ အရေးယူဆောင်ရွက်လျှက်ရှိရာ ဂိတ် ၆ ခုကို စည်ပင်သာယာ ဥပဒေပုဒ်မ ၁၁၆ ဖြင့် အရေးယူ​ဆောင်ရွက်နေကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့(မန္တ​လေး)မှ သိရသည်။

ကျော်​ထူး
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့် ငွေတောင်းခံနေ​သောအုပ်​စုမှ တစ်ဦး ဖမ်းဆီးရမိ ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့် ငွေတောင်းခံနေ​သောအုပ်​စုမှ တစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:33 Rating: 5
Powered by Blogger.