စိန်ဝင်းနှင့် ရောင်းရင်းများ ဘုရားဖူးယာဉ် တိမ်းမှောက်


နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်
 ပြည်လမ်းနိုင်ငံရေး မှတ်တိုင်အနီးတွင် ဘုရားဖူးပြီး အပြန် ရန်ကုန်သို့ ပြန်ဝင်လာတဲ့ စိန်ဝင်းနှင့် ရောင်းရင်းများ ဘုရားဖူးယာဉ်မှာ ဆိုင်ကယ်အား ရှောင်တိမ်းရင်း လမ်းလည်ကျောက်တုံးများအား ဝင်တိုက်မိကာ တိမ်းမှောက်မှု့ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ကားပေါ်ပါရှိလာတဲ့ ဘုရားဖူး ၃၁ဦး တွင် ၁၂ဦးဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့  ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ အရေးပေါ်လူနာတင်ယာဉ် ၅စီး ၊ မီးငြိမ်းသတ်ယာဉ်တစီး ၊ တပ်ဖွဲ့ဝင် ၂၀ဦးနဲ့  ကူညီခဲ့ပါတယ်။


 သေဆုံးသူ အမျိုးသမီးတဦးရှိခဲ့ပြီး ၁၁ဦးဒဏ်ရာရှိထားပါတယ်။ အခင်းဖြစ်ပွားရာကို K ambulance အဖွဲ့ ၊ မဇ္ဇျိမ အရေးပေါ်လူနာကူညီမှု့အဖွဲ့ ၊ မာတာ နှင့် ရှင်သန်ရေး လူမှု့ကူညီရေးအဖွဲ့များ ရောက်ရှိကူညီခဲ့ကြပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး ကုတင်၅၀၀မှ အရာရှိနှင့် စစ်သည်တော်များ ဝိုင်းဝန်းကူညီပေးခဲ့ပြီး နီးစပ်ရာမှပြည်သူများလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။

 အမျိုးသမီး ၉ဦး ၊ အမျိုးသား၂ဦး၊ ကလေး၁ဦး ဒဏ်ရာရရှိထားပြီး အင်းစိန်ဆေးရုံတွင် ဆေးဝါးကုသမှု့ခံယူနေပါတယ်။

Htin Lin Aung
ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

စိန်ဝင်းနှင့် ရောင်းရင်းများ ဘုရားဖူးယာဉ် တိမ်းမှောက် စိန်ဝင်းနှင့် ရောင်းရင်းများ ဘုရားဖူးယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.