အမျိုးအမည်​မသိယာဉ်​တစ်​စီး ဝင်​​ရောက်​တိုက်​မိ၍ လူတစ်​ဦး​သေဆုံး


 နိုဝင်​ဘာ ၃၀ ရက်​ နံနက်​ ၇ နာရီခန့်​က ကချင်ပြည်နယ် ဗန်း​မော်​မြို့နယ်​၊ ဗန်း​မော်​-မိုး​မောက်​ကားလမ်း မိုင်​တိုင်​အမှတ်​(၃၇၃/၅)၊ ​လေးမိုင်​ စိန့်​စတီဖင်​ ကတ်​သလစ်​ဘုရား​ကျောင်း​ရှေ့ ကားလမ်းမ​ပေါ်တွင်​ ယာဉ်​တိုက်​မှုဖြစ်​ပွားပြီး လူတစ်​ဦး​သေဆုံး​နေ​ကြောင်း သိရသည်။

အဆိုပါ သတင်းအရ အမှတ်​(၁၀၀)ယာဉ်​ထိန်းရဲတပ်​ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ်​​ဇော်​​အောင်​ နှင့် အဖွဲ့က သွား​ရောက်​စစ်​​ဆေးရာ ​သေဆုံး​နေသူမှာ ဦးခို(၅၇)နှစ်​၊ (ပန်းရံလုပ်​ကိုင်​)၊ မုံညင်း​ကျေးရွာ၊ ​ရေစကြိုမြို့နယ်​၊ မ​ကွေးတိုင်း​ဒေသကြီးနေသူဖြစ်​ကြောင်း သိရပါသည်။


 ယင်း​နေ့နံနက်​ ၅ နာရီက ဘီအိုစီ​ဆောက်​လုပ်​​ရေးဝင်းမှ လက်​ဖက်​ရည်​​သောက်​ရန်​ လမ်း​လျှောက်​ထွက်​လာစဉ်​ အမျိုးအမည်​မသိ ယာဉ်​တစ်​စီးက ဦးခို အား အ​နောက်​မှဝင်​တိုက်​မိကာ ဦး​ခေါင်း​နောက်​​စေ့ ​ပေါက်​ပြဲ​သွေးထွက်​ဒဏ်​ရာနှင့် ယာဘက်​နား​သွေးထွက်​ဒဏ်​ရာဖြင့် အချင်းဖြစ်​​နေရာ၌ ​သေဆုံးခြင်းဖြစ်​သည်​။

ဖြစ်​စဉ်​နှင့် ပတ်​သက်​၍ ဗန်း​မော်​မြို့မ ရဲစခန်းက ယာဉ်​(ပ)၅၆/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄ (က) ဖြင့် အမှုဖွင့်​ကာ ယာဉ်​တိုက်​မှုဖြစ်​ပွားပြီး ထွက်​​ပြေးတိမ်း​ရှောင်​သွားသူအား ဖမ်းဆီးရမိ​ရေးစုံစမ်း ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

သတင်း - ဓါတ်ပုံ ။  ။ ဗန်းမော်ပွင့်သစ်
အမျိုးအမည်​မသိယာဉ်​တစ်​စီး ဝင်​​ရောက်​တိုက်​မိ၍ လူတစ်​ဦး​သေဆုံး အမျိုးအမည်​မသိယာဉ်​တစ်​စီး ဝင်​​ရောက်​တိုက်​မိ၍ လူတစ်​ဦး​သေဆုံး Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.