ကလေး နွား ပွဲဈေးမှာ လူသတ်မှုဖြစ်

မူးယစ်သောက်စားစကားများရာမှ လူသတ်မှုဖြစ်ပွား
ကလေး နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ချမ်းမြအောင်စည် ရပ်ကွက်တွင် နိုဝင်ဘာ ၂၄ ရက်နေ့  နံနက်ပိုင်း က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့ ချမ်းမြေ့အောင် စည်ရပ်ကွက်အတွင်း တစ်ရပ် ကွက်တည်းအတူနေ မောင်အောင် ဆန်းဝင်း အသက်(၂၁နှစ်)၊ မောင်ဇင်မင်းထွန်း အသက် (၄ဝ) တို့မှာ နံနက် ၁၁ နာရီ ၁၅ မိနစ် တွင် မူးယစ်သောက်စားကြပြီး နွား ပွဲဈေးနားနေဆောင်အတွင်း စကား များကြရာမှ မောင်ဇင်မင်းထွန်း က အသင့်ပါလာသော ဓားဖြင့် မောင်အောင်ဆန်းဝင်းအား လေး ချက်ခန့်ဆက်ထိုးပြီး ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။

 ကလေး မြို့မစခန်းမှူးနှင့် နယ်ထိန်းအဖွဲ့ များက သတင်းအရ လိုက်လံဖမ်း ဆီးရာ ကလေးမြို့အထွက် အိုဆို စက်သုံးဆီအရောင်းဆိုင်အရောက် တွင် တရားခံမောင်ဇင်မင်းထွန်း အား လူသတ်ရာတွင် အသုံးပြု သောဓားဖြင့် တစ်ပါတည်းဖမ်းဆီး ရမိခဲ့သည်။

ဓားထိုးခံရသော မောင်အောင် ဆန်းဝင်းမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် ဓားဖြင့်ထိုးခဲ့သူ မောင်ဇင်မင်းထွန်းကို ကလေးမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂ အရ အရေးယူထားကြောင်း သိရသည်။

ဂျွိုင်းဆက်
The Union Daily
https://www.facebook.com/uniondaily.net
ကလေး နွား ပွဲဈေးမှာ လူသတ်မှုဖြစ် ကလေး နွား ပွဲဈေးမှာ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.