တောင်ငူမြို့ နယ် ယာဉ်တိုက်မှုဖြစ်၊ ရဲအုပ် တစ်ဦးအပါဝင် သုံးဦးသေဆုံး

အိမ်စီးယာဉ်နှင့်(၆)ဘီးကရိန်းယာဉ်တို့ မျက်နှာချင်းဆိုင်းတိုက်မိပြီး ရဲအုပ် တစ်ဦးအပါဝင် သုံးဦးသေဆုံး ကာ လေးဦးဒဏ်ရာများရရှိ
တောင်ငူ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇရပ်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း တွင် နိုဝင်ဘာ(၂၆)ရက်နေ့ နံနက်(၁)နာရီ(၄၅)မိနစ် အချိန်ခန့်က (၆)ဘီးကရိန်းယာဉ်နှင့် အိမ်စီးယာဉ် ငယ်တို့ အရှိန်လွန်ပြီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ယာဉ်ငယ်ပေါ်တွင်လိုက်ပါလာသော ရဲအုပ် တစ်ဦး အပါအဝင် သုံးဦးနေရာတွင်သေဆုံး၍ လေးဦးဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျွန်းကုန်းနယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ် အောင်ဇော်မင်း ဦးစီးအဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ကျော်ဝင်း နိုင်(၃၄)နှစ်၊ လယ်ဝေးမြို့နယ်၊ နေပြည်တော် နေသူမောင်းနှင်ပြီး ကိုဝင်းတင့်(၄၅)နှစ်၊ဆင်ပေါင်ဝဲမြို့နယ်၊ ကိုထွေး(၂ဝ)နှစ်၊ ကြာအင်းကျေးရွာ၊တစ်ရွာတည်းနေ ဟိန်းမင်းဇော်(၂၂)နှစ်၊ ထွန်းမင်းလတ်(၂၈)နှစ် သံလျင်မြို့နယ်နေသူတို့လိုက်ပါစီးနင်း လာသောYGN-T------FUSO(၆)ဘီးကရိန်းယာဉ်နှင့် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဦးခင်ဇော်(၄၈)နှစ်(၁၅)ရပ်ကွက်၊ တောင်ငူမြို့နေသူမောင်းနှင်ပြီး ရဲအုပ် တင်လင်း(၄၂)နှစ်၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့လိုက်ပါစီးနင်းလာသော 4D/---- TOYOTA HILUX SURFယာဉ်နှင့် မိုင်တိုင် ၁၈၂/၅ နှင့် ၆ အကြား အခင်းဖြစ်နေရာ၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ငယ် ပေါ်တွင် လိုက်ပါလာသော ဦးခင်ဇော် နှင့် ရဲအုပ် တင်လင်း တို့နှစ်ဦးအပါအဝင် ကရိန်းယာဉ် ပေါ်တွင်လိုက်ပါလာသူ ဟိန်းမင်းဇော် တို့သုံးဦးမှာနေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်(၄)ဦးမှာ (မစိုးရိမ်ရ)ဒဏ်ရာများရရှိသွားခဲ့၍ ကျွန်းကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ