မြသိန်းတန်ဘုရားပွဲအပြန် ကား တိုက်မိ တိမ်းမှောက် ၃ ဦးသေ၊ ၁၅ဦး ဒဏ်ရာရ

ဓါတ်ပုံ - Tin Htun Win (FB)
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့  ကလေး-တမူးကားလမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာအနီး လမ်းဘေးတွင် နိုဝင်ဘာလ ၃ ရက်နေ့ နေ့ လည် ၂ နာရီခွဲ ခန့် က ကထိန်အလှူကပြန်လာတဲ့ ဒိုင်နာယာဉ်တစ်စီး လမ်းဘေးမှာ လမ်းလျှောက်လာတဲ့ လူသုံးဦးကို တိုက်မိ၊ တိမ်းမှောက်မှုဖြစ်ပွားကာ လူ ၃ ဦးသေ၊ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကံကြီးကျေးရွာ မြသိန်းတန်ကထိန်ဘုရားပွဲမှအပြန် ဝင်းကို(၂၂)နှစ် မောင်းနှင်လာတဲ့ 4H-xxxx ဒိုင်နာယာဉ်ဟာ ကလေး-တမူးကားလမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာအနီး လမ်းဘေးမှာ လမ်းလျှောက်နေတဲ့  ဒေါ်စန်းဌေး(၄၅)နှစ် အပါအ၀င် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဓါတ်ပုံ - Tin Htun Win (FB)
အဆိုပါယာဉ်တိုက်မိ တိမ်းမှောက်မှုကြောင့် လမ်းလျှောက်နေသူ ၃ ဦး၊ ဦးနှောက်ပွင့်ထွက်၊ ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာများနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ၁၅ဦးမှာ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့တာကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း (ဖမ်းမမိ)ကို ကလေးမြို့မရဲစခန်းမှ ယာဉ်(ပ)၉၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု)နဲ့  အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ