ဝေါတွင် လယ်သမားတစ်ဦး ပိုးသတ်ဆေးဖြန်းပိုက်ကို ပါးစပ်ဖြင့်စုပ်မိရာမှ သေဆုံး

လယ်သမားတစ်ဦးသည် ပိုးသတ်ဆေးဖြန်းနေပုံ။  ဓါတ်ပုံ - Google Images
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာတွင် လယ်သမားတစ်ဦးသည် ပိုးသတ်ဆေးဖြန်းပိုက်ပိတ် သည်ကို ပါးစပ်ဖြင့်စုပ်ရာမှ အဆိပ်မိပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ကျိုက်လှကျေးရွာနေလယ်လုပ်နေသူလယ်သမားတစ်ဦးသည် နိုဝင်ဘာ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် ၎င်းစိုက်ပျိုး ထားသောစပါးပင်များအား DAMITOL တံဆိပ်ပိုးသတ်ဆေးများထည့်ထားသည့် ဆေးဖြန်းပိုက်ဖြင့်ဖြန်းနေစဉ် ဆေးဖြန်းပိုက်ပိတ်နေသဖြင့် အမှိုက်များကို ပါးစပ်ဖြင့်စုပ်ထုတ်ရာမှ ပိုးသတ်ဆေးများ ဝမ်းဗိုက်ထဲဝင်ရောက်ပြီး ပါးစပ်မှ အမြုပ်များထွက်ကာ လဲကျသွားကြောင်းသိရသည်။အဆိုပါဖြစ်ရပ်ကိုမြင်တွေ့သည့် အနီးအနားရှိ အခြားသူများက ကျေးရွာတွင်းသို့ ပြန်လည်ပို့ဆောင်ပေးစဉ် သေ ဆုံးသွားကြောင်း သိရသည်။
“အဆိပ်မိပြီးသေဆုံးသွားတဲ့လယ်သမားက အသက်(၃၇)နှစ်အရွယ်ပါ။ လယ်သမားသေဆုံးသွားကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးကအကြောင်းကြားလို့ ကျွန်တော်တို့ရဲတပ်ဖွဲ့က သွားစစ်ဆေးပြီး ဆေးရုံကိုပို့ဆောင်ပြီး ဓမ္မတာ အတိုင်းဟုတ်၊ မဟုတ်စုံစမ်းနေပါတယ်”ဟု ဝေါမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးတင့်ဆွေကပြောသည်။

လယ်သမားအဆိပ်မိပြီး သေဆုံးသွားခြင်းနှင့်ပတ်သက်၍ ဝေါမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၁၇)ဖြင့်အမှုဖွင့်ထားရှိပြီး ကွင်းဆင်း၍ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ သက်သေ ခံအထောက်အထားသိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဝေါတွင် လယ်သမားတစ်ဦး ပိုးသတ်ဆေးဖြန်းပိုက်ကို ပါးစပ်ဖြင့်စုပ်မိရာမှ သေဆုံး ဝေါတွင် လယ်သမားတစ်ဦး ပိုးသတ်ဆေးဖြန်းပိုက်ကို ပါးစပ်ဖြင့်စုပ်မိရာမှ သေဆုံး Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.