အချိန်အခါမဟုတ်ဘဲ လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျ


ဖောင်းပြင် / နိုဝင်ဘာ ၂၅

နိုဝင်ဘာလ ၂၄ ရက် ည(၂၂:၀၀)နာရီအချိန်ခန့်က အချိန်အခါမဟုတ်ပဲ လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် လူနေအိမ် လေးလုံး သွပ်မိုးလန်ခြင်း အမိုးပျက်စီးခြင်းများ ဖောင်းပြင်မြို့နယ် မိုင်းချောင်းအုပ်စု ခုံသာကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးများကြွေကျမှုကြောင့် လူ /ကျွဲ /နွား တိရိစ္ဆာန်များ တစ်စုံတစ်ရာထိခိုက်/ဒဏ်ရာရရှိမှုများ မရှိကြောင်းသိရသည်။

ကျေးရွာဒေသခံပြည်သူတစ်ဦးက "ကျွန်တော်တို့အုပ်စု အတွင်းမနှစ်က လည်းအခုလိုအဖြစ်ပျက်မျိုးဖြစ်ပွားခဲ့ပါတယ် အခုဒီနှစ်လဲ အချိန်အခါမဟုတ်ပဲ မိုးသီးတွေကျပြီး လေပြင်းများတိုက်ခတ်ပါတယ် သစ်ပင်တွေလဲပြီး လူနေအိမ်ပေါ်သို့ပိကျပါတယ် တစ်ချို့အိမ်တွေဆို ပြိုကျတာတွေ သွပ်မိုးလန်တာတွေ ဖြစ်ပွားခဲ့ပါတယ် အခုရာသီက စပါးရိတ်သိမ်းသည့်ရာသီလည်းဖြစ်ပါတယ် စပါးတွေလည်းပျက်စီး ကုန်ပါတယ် လူ /ကျွဲ /နွား တိရိစ္ဆာန်များ တစ်စုံတစ်ရာထိခိုက်/ဒဏ်ရာရရှိမှု များ မရှိကြောင်းသိရပါတယ်ဟုပြောသည်။

အောင်သောင်းထွန်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အချိန်အခါမဟုတ်ဘဲ လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျ အချိန်အခါမဟုတ်ဘဲ လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျ Reviewed by THITHTOOLWIN on 12:51 Rating: 5
Powered by Blogger.