ကင်ဂျုံနန်း လုပ်ကြံမှု စီစဉ်သူတွေကို တရားရုံးမတင်နိုင်သေး


မလေးရှားနိုင်ငံက ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံလိုက်ရတဲ့ မြောက်ကိုရီးယား ကင်ဂျုံနန်းအမှုနဲ့ ပတ်သက်လို့ လုပ်ကြံတဲ့အမျိုးသမီးနှစ်ဦးကို တရားရုံးတင်စစ်ဆေးနေတာ တစ်လကြာနေပြီဖြစ်ပေမယ့် သူတို့ကိုနောက်ကွယ်က ခိုင်းစေညွှန်ကြားတဲ့သူတွေကို မဖေါ်ထုတ်နိုင်ပဲဖြစ်နေပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ကင်ဂျုံနန်း လုပ်ကြံခံရတဲ့နေ့မှာ အဲဒီလေဆိပ်ကနေထွက်သွားတဲ့ မြောက်ကိုရီးယား ၄ ယောက်ကို သံသယရှိသူတွေအနေနဲ့ ကြေညာခဲ့သလို၊ အင်ဒိုနီးရှားသူ ဆီတီ အစ္စယနဲ့ ဗီယက်နမ်သူ ဒေါင်သီဟွမ် တို့ကို ကိုယ်တိုင်ကျူးလွန်သူတွေအဖြစ် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့က အဲဒီမြောက်ကိုရီးယား ၄ ယောက်ရဲ့ ဓါတ်ပုံနဲ့ပတ်စပို့တွေကိုလည်း မီဒီယာတွေကြား ထုတ်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် သမိုင်းတလျှောက် ဆက်ဆံရေးကောင်းခဲ့တဲ့ မလေးရှားနဲ့ မြောက်ကိုရီးယားဟာ ဆက်ဆံရေးပြိုကွဲခဲ့ပါတယ်။

ဒါပေမဲ့ ၄ ပတ်မြောက်ဖြစ်လာတဲ့ တရားရုံးချိန်းထိ အဲဒီသံသယရှိသူတွေရဲ့ နာမည်တောင် ရုံးမတင်နိုင်သလို၊ သူတို့ဟာ မြောက်ကိုရီးယားကဟုတ်၊ မဟုတ်ကိုလည်း အတည်မပြုနိုင်ပဲဖြစ်နေပါတယ်။

Photo: BenarNews
RFA Burmese
https://www.facebook.com/rfaburmese
ကင်ဂျုံနန်း လုပ်ကြံမှု စီစဉ်သူတွေကို တရားရုံးမတင်နိုင်သေး ကင်ဂျုံနန်း လုပ်ကြံမှု စီစဉ်သူတွေကို တရားရုံးမတင်နိုင်သေး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.