![]() |
နိုင်ငံခြား ပရိသတ်တွေကပါ သတိထားမိပြီး အားပေးမှုတွေ ရခဲ့ |
တိုက်စစ်မှူး အောင်သူ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထိုင်းကလပ် အသင်းနဲ့ကြား သဘောတူမှု ရခဲ့ပြီလို့ အောင်သူ လက်ရှိ ကစားနေတဲ့ မြန်မာ ကလပ်အသင်း ရတနာပုံ က ဘီဘီစီကို အတည်ပြု ပါတယ်။
ပြောင်းရွှေ့ကြေး ဘယ်လောက်လဲ၊ ကာလ အပိုင်းအခြား တစ်ခုအတွက် အငှားချပေးတာလား စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အခုအချိန်မှာ မထုတ်ပြန် နိုင်သေးဘူးလို့ ရတနာပုံရဲ့ ပြန်ကြားရေး အရာရှိက ပြောပါတယ်။
ဒါပေမယ့် အောင်သူ အပြောင်းအရွှေ့ဟာ ကလပ်အသင်း ဥက္ကဌ နှစ်ယောက်အကြား တိုက်ရိုက် ချိတ်ဆက်ပြီး ညှိနှိုင်း သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ပြန်ကြားရေး အရာရှိ ကိုအတာဦးက ဆိုပါတယ်။
![]() |
၂ဝ၁၄ အသက် ၁၉ နှစ်အောက် အာရှဖလား ပြိုင်ပွဲဝင် မျိုးဆက် ထဲက နာမည်ရလာ |
၂ဝ၁၄ တုန်းက မြန်မာနိုင်ငံ အိမ်ရှင် အဖြစ် ကျင်းပခွင့် ရခဲ့တဲ့ အသက် ၁၉ နှစ်အောက် အာရှဖလား ပြိုင်ပွဲဝင် မျိုးဆက် ထဲက နေ အောင်သူ တစ်ယောက် နာမည် ရလာတာ ဖြစ်ပြီး၊ နောက်ပိုင်း နှစ်တွေမှာလည်း ပြည်တွင်း ပြည်ပ ပွဲတွေမှာ ခြေစွမ်း ဆက်ပြပြီး ဂိုးတွေ သွင်းယူ နိုင်ခဲ့လို့ နိုင်ငံခြား ပရိသတ်တွေကပါ သတိ ထားမိပြီး အားပေးမှုတွေ ရရှိ ခဲ့ပါတယ်။
အောင်သူ ပြောင်းရွှေ့ ကစားမယ့် Police Tero အသင်းဟာ ထိုင်း ကလပ်တွေထဲ ထိပ်တန်း အသင်းကြီး တွေထဲ ပါဝင်တာဖြစ်လို့ အောင်သူ့ အနေနဲ့ ပိုပြီး အတွေ့အကြုံရ၊ ခြေစွမ်းထက်လာဖို့ မျှော်လင့်ရတယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ် ယူ ၂၃ အသင်းရဲ့ အတွင်းရေးမှူး ကိုမိုးဝေက သုံးသပ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese