(၈) နှစ်အရွယ် ကျောင်းသူ သားမယားပြုကျင့်ခံရ


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (၆)ရပ်ကွက် အောင်မင်္ဂလာ ဘုရားလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်ရှိ ကျူးတဲပေါ်တွင် (၈)နှစ်အရွယ် ကျောင်းသူတစ်ဦး နိုဝင်ဘာလ ၂၀ ရက်နေ့  မနက်ပိုင်းက သားမယားပြုကျင့်ခံရ ကြောင်းသိရပါတယ်။

ဖြစ်စဉ်မှာ ၂၀.၁၁.၂၀၁၇ ရက်နေ့ ၁၁:၃၀ အချိန်ခန့်က  မ------- (၈)နှစ်အား အိမ်နီးခြင်းဖြစ်သူ ဦး--------မှ ကျောင်းတက်ရန် အလက( )သို့ လိုက်ပို့ပေးခဲ့ပြီး ညနေကျောင်းလွှတ်ချိန် ၁၆.:၃၀ အချိန်တွင် ကျောင်းသွားကြိုရာ မ--------အား ကျောင်းတွင် မတွေ့ရှိတာကြောင့် ကျောင်းအနီးဝန်းကျင်တွင် လိုက်လံစုံစမ်းရှာဖွေခဲ့ပါတယ်။

 မ-------အား လှိုင်သာယာမြို့နယ် (၆)ရပ်ကွက် အောင်မင်္ဂလာ ဘုရားလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်ရှိ ကျူးတဲပေါ်တွင် လက်နှစ်ဖက်အား ပလပ်စတစ်ကြိုးနှင့်တုတ်ထားပြီး တိုင်တွင်ခြည်ထားသည်ကိုတွေ့ရှိသဖြင့် သွားရောက်ကြည့်ရှုရာ ဝဲမျက်လုံး ဝဲပါး ဖူးရောင်ဒဏ်ရာ ရင်ဘတ် ကျောကုန်းတို့တွင် ညိုမဲနာကျင်ဒဏ်ရာ မိန်းမကိုယ်နှင့်စအို ဝတွင် သွေးထွက်ဖူးရောင်ဒဏ်ရာ ရရှိထားသည်ကိုတွေ့ရှိရပါတယ်။

 မေးမြန်းရာမှာ မ------ မှ ကျောင်းမတက်ရသေး၍ ကျောင်းအနီး အုပ်ခုံပေါ်ထိုင်နေစဉ် ဦးသက်ဦး ဆိုသူမှ ရောက်ရှိလာပြီး ဆေးလိပ်ဝယ်ခိုင်းကြောင်း ဆေးလိပ်ဝယ်ပြီးပြန်လာစဉ် ဦးသက်ဦးမှ ကျူးတဲအတွင်း ဝင်ခဲ့ရန်ပြောသဖြင့် မ-------မှ ကျူးတဲအတွင်းဝင်ရောက်၍ ဆေးလိပ်ပေးစဉ် ဦးသက်ဦးမှ လက်သီးနှင့်ထိုး ရိုက်နှက်ပြီး ပလပ်စတစ်ကြိုးနှင့်တုတ်ကာ မိန်းမကိုယ်နှင့်စအိုတို့အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြန်လည်ပြောပြပါတယ်။

 ဦးသက်ဦး (၃၈)နှစ် အောင်မင်္ဂလာဘုရားလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့် ၆ ရပ်ကွက် ကျူး လှိုင်သာယာ နေသူအား လှိုင်သာယာမြို့မရဲစခန်းမှ ပ/၄၄၄၇/၁၇ ပုဒ်မ ၃၇၆/၃၇၇/၃၄၂/၃၂၃ အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

 Tin Naing Tun
(၈) နှစ်အရွယ် ကျောင်းသူ သားမယားပြုကျင့်ခံရ (၈) နှစ်အရွယ် ကျောင်းသူ သားမယားပြုကျင့်ခံရ Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.