ဒရုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားသူတွေကို ထောင် ၂ လချ

ဒရုန်းနဲ့ ဓာတ်ပုံရိုက်လို့ အဖမ်းခံရသူများ
အဝေးထိန်း ဒရုန်းယာဉ်ပျံ နဲ့ ဓာတ်ပုံရိုက်ကူးဖို့ ကြိုးပမ်းလို့ ဖမ်းဆီး ခံထားရတဲ့ တူရကီ အခြေစိုက် TRT သတင်းဌာနက နိုင်ငံခြား သတင်းထောက် (၂)ဦး၊ သတင်းဌာန အတွက် စကားပြန် လုပ်ပေးနေတဲ့ ကိုအောင်နိုင်စိုး နဲ့ ယာဉ်မောင်း တဦးကို ဇဗ္ဗူသီရိမြို့နယ် တရားရုံးက လေကြောင်း အက်ဥပဒေပုဒ်မ (၁၀) အရ အလုပ်ကြမ်း ထောင်ဒဏ် (၂) လစီ ချမှတ်လိုက်ပါတယ်။

သူတို့တွေဟာ အောက်တိုဘာလ ၂၇ ရက်က နေပြည်တော် လွှတ်တော် နဲ့ တခြား အဆောက်အဦတွေကို ခွင့်ပြုချက်မရှိဘဲ ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးပမ်းခဲ့တာကြောင့် သွင်းကုန် ထုတ်ကုန် အက်ဥပဒေနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

 ဒရုန်းနဲ့ ဓာတ်ပုံရိုက်လို့ အဖမ်းခံရသူများ 
အခုတော့ သူတို့ (၄)ဦးစလုံးကို လေကြောင်း အက်ဥပဒေနဲ့ တရားရုံးက ထောင်ဒဏ်၂ လ ချမှတ်လိုက်ပြီး ရမည်းသင်း အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

သူတို့ကို မူလ စွဲဆိုထားတဲ့ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မနဲ့ ပတ်သက်လို့ အာမခံ လျှောက်ထားတာကိုတော့ တရားသူကြီးက ပလပ် လိုက်ပါတယ်။ အဲ့ဒီအမှုကိုတော့ လာမယ့် (၁၆) ရက်နေ့ ရုံးချိန်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒရုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားသူတွေကို ထောင် ၂ လချ ဒရုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားသူတွေကို ထောင် ၂ လချ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.