ဆေးတက္ကသိုလ်(မန္တလေး) ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများ ထုတ်ပြန်ကြေညာ


၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲများဖြင့်အောင်မြင်ပြီး ဆေးတက္ကသိုလ်(မန္တလေး)တွင် ဖွင့်လှစ်သင်ကြားမည့် ပထမနှစ် ဆေးပညာသင်တန်း(၁၂/၂၀၁၇)သင်တန်းသို့ တင်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကို နိုဝင်ဘာလ ၁၇ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား (၁၆၈)ဦး၊ ကျောင်းသူ (၁၆၈)ဦး၊ စုစုပေါင်း(၃၃၆)ဦး တက်ရောက်သင်ကြားခွင့်ရရှိကြောင်း သိရသည်။

အဆိုပါဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၂၀ရက်နေ့မှ ၂၈ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီ အထိ အမျိုးသမီးနားနေခန်း၊ ပင်မဆောင်အောက်ထပ်တွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်မကျစေဘဲ အချိန်မီတင်သွင်းရမည်ဖြစ်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ရက်(တနင်္လာနေ့)တွင် သင်တန်းစတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်၏ ကြေညာချက်များအရ သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ဆေးတက္ကသိုလ်(မန္တလေး) ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများ ထုတ်ပြန်ကြေညာ ဆေးတက္ကသိုလ်(မန္တလေး) ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများ ထုတ်ပြန်ကြေညာ Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.