ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ယနေ့ ဖွင့်မည်


ရန်ကုန် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ကြီးကို နိုဝင်ဘာ ၂ ရက်(ယနေ့)ညနေ ၅ နာရီ တွင် ကျောက်တံတားမြို့နယ် ဆူးလေ ဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ ၌ စတင်ဖွင့်လှစ်ပေးတော့မည်ဖြစ် သည်။

ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ကြီးကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပပေးသွားမည်ဖြစ်ပြီး အဆိုပါ ရန်ကုန် တန်ဆောင်တိုင်ပွဲတော်ကြီးကို ရောင်စုံမီး အလှဆင်မှုများနှင့်အတူ မဟာဗန္ဓုလပန်းခြံတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ မြန်မာ့ယဉ်ကျေးမှု ပသာဒကို တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါ မီးအလှများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် အတူ ပရီမီယာကုမ္ပဏီက ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါရန်ကုန်တန်ဆောင်တိုင် ပွဲတော်ကျင်းပမည့် ပြည်သူများနားခိုရာ မဟာဗန္ဓုလ ပန်းခြံမုခ်ဦးတွင် လဝိုင်းခြမ်းပုံသ္ဌာန် ရောင်စုံမီးအလှများဖြင့် သီကုံးအလှဆင်ထားသော ရန်ကုန် တိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော် ဟူသောစားသားက ဖြတ်သန်းသွားလာသော ပြည်သူများအား ဆွဲဆောင်စေလျက် သာယာအေးချမ်းမှုနှင့်အတူ ဝင်ရောက်ခိုလှုံ ရှုမြင်ကြသည်မှာ အကြိုနေ့ ညဦးပိုင်းမှာပင် စည်ကားများပြားလျက်ရှိသည်။

''တန်ဆောင်တိုင် ပွဲတော်ရက်အတွင်းမှာ ပြည်တွင်းအနုပညာရှင်တွေနဲ့ ဖျော်ဖြေ တင်ဆက်ပေးသွားမှာပါ၊ ဘယ်အနုပညာရှင် တွေပါမယ်ဆိုတာတော့ မနက်ဖြန်ဖွင့်မယ့် အချိန်မှ အတည်ပြုရမှာပါ၊ ခေတ်ပေါ်အနုပညာရှင်တွေပါသလို ဒီတန်ဆောင်တိုင်ပွဲတော် မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ အငြိမ့်၊ အက၊ အလှများ၊ တန်ဆောင်တိုင်မီးအလှများ၊ ဆီမီးခွက်အက၊ အိုးစည်ဒိုးပတ်အက၊ မြေဝိုင်း၊ ရုပ်သေးအကနဲ့ ကျောက်ဆည် ဆင် အကတွေကိုလည်း ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ပေးသွားဖို့လည်း စီစဉ်ထားပါ တယ်''ဟု တန်ဆောင်တိုင်ပွဲဖြစ်မြောက်ရေးတွင် ပူးပေါင်းပါဝင်သော ပရီမီယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တန်ဆောင်တိုင်ပွဲတော်ကြီးကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသော ပြည်သူ များအတွက် တန်ဆောင်တိုင်အမှတ်တရအနေဖြင့် နိဗ္ဗာန်ဈေးပွဲတော်ကြီးကိုလည်း ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မင်းခေတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ယနေ့ ဖွင့်မည် ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ယနေ့ ဖွင့်မည် Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.