နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘင်ကောက် မြစ်ကူးတံတားကြီးပေါ်ကနေ ခုန်ချ သတ်သေတော့မယ့် အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့ ဝင်တွေက အချိန်မှီတားဆီး ကယ်တင်နိုင်ခဲ့ကြပါတယ်။
အဆိုပါ အမျိုးသမီးဟာ မင်ဘူရီ ရပ်ကွက်တခုရဲ့ တိုက်တန်းလျားအခန်းကို နံနက်စောစောပိုင်းက ၀င်လာခဲ့ပြီး အခန်းတွင်းမှာ အိပ်နေကြတဲ့ လင်မယားနှစ်ယောက်ကို သေနတ်နဲ့  ဆက်တိုက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သူ လူသတ်တရားခံ အမျိုးသမီး ဖြစ်ပါတယ်။
တရားခံအမျိုးသမီး ဟာ သူမယောက်ကျားနဲ့ အတူနေနေတဲ့ မယားငယ်ရဲ့ အခန်းရှိရာကို လိုက်လာခဲ့တာပါ။ အခန်းတံခါးကို သေနတ်နဲ့ ပစ်ခတ် ဖွင့်ဝင်ခဲ့ပြီးမှ ကုတင်ပေါ်မှာ အိပ်နေကြတဲ့ သူမရဲ့ ယောက်ကျားနဲ့  နောက်မိန်းမကို ဆက်တိုက်ပစ်ကာ ထွက်ပြေးသွားခဲ့တာပါ။
သေနတ်နဲ့  အပစ်ခံရသူ အမျိုးသမီးဟာ အခင်းဖြစ်ပွားတဲ့နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ယောက်ကျားဖြစ်သူကတော့ သေနတ်ဒဏ်ရာနဲ့ ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ မိန်းမများတဲ့ ယောက်ကျားတွေဟာ ခုလိုမျိုး ဒေါသနဲ့  ရူးရူးမိုက်မိုက် လုပ်တတ်တဲ့ မယားကြီးနဲ့ တွေ့ တဲ့အခါမှာ ဘ၀တသက်လုံး အမှတ်ရသွားစေမယ့် စိတ်မကောင်းစရာဖြစ်ရပ်ဆိုးနဲ့  ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
Social Action for Children and Women - SAW
တံတားပေါ်မှ ခုန်ချသတ်သေမည့် လူသတ်တရားခံအား ရဲတပ်ဖွဲ့ ဝင်များက အချိန်မှီ တားဆီးနိုင်ခဲ့
Reviewed by THITHTOOLWIN
on
08:36
Rating: