ကွတ်ခိုင်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်၊ ယာဉ်ငယ်ပေါ်လိုက်ပါလာသူ (၅) ဦးသေဆုံး


ကွတ်ခိုင်၊ နိုဝင်ဘာ ၆။

ယနေ့ (နိုဝင်ဘာလ ၆ရက်) မနက် ၆း ၃၀ ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး- မူဆယ် လမ်းပေါ်ရှိ ကွက်ခိုင်မြို့နယ်၊ မန်လွယ်ကျေးရွာ အနီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ၊ အတိုက်ခံရသည့်ယာဉ်ငယ်ပေါ်တွင်လိုက်ပါလာသူ ၅ ဦးသေဆုံးသွားခဲ့ကြောင်း၊ ကွတ်ခိုင်မြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ယနေ့ ၊ နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

“ အတိုက်ခံရတဲ့ကားလေးက လားရှိုးဘက်ကနေမူဆယ်ဘက်ကိုလာတဲ့ကားလေးပါ။ ကားပေါ်မှာပါတဲ့သူ ငါးဦးစလုံးသေဆုံးသွားပါတယ်။ အခု အမှုဖွင့်ဖို့လုပ်နေပါတယ် “ ဟု ၄င်းကပြောသည်။

မူဆယ်မှလားရှိုးသို့လာသောတွဲကားနှင့် လားရှိုးမှ မူဆယ်သို့တတက်သည့်အိမ်စီးကားငယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ချမ်းမြမြငြိမ်း
PHOTO - မူရင်းတင်သူကိုလေးစားစွာ Credit ပေးပါသည်။
The Asia Heart News
ကွတ်ခိုင်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်၊ ယာဉ်ငယ်ပေါ်လိုက်ပါလာသူ (၅) ဦးသေဆုံး ကွတ်ခိုင်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်၊ ယာဉ်ငယ်ပေါ်လိုက်ပါလာသူ (၅) ဦးသေဆုံး Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.