အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး န၀မနေ့ဖြစ်တဲ့ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် (၁၂)ဦးအဖြစ် နိုင်ငံတော်သမ္မတက ရွေးချယ်ထားတဲ့ အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးစိုးတင့်၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးအောင်လွင်နဲ့ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ညွန့်တို့(၄)ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်စိုး၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးအောင်သန်းမြင့်၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးစန်းဝင်းနဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်တို့(၄)ဦးနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြင့်၊ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမူ၊ အငြိမ်းစားရဲချုပ် ဦးဇော်ဝင်းနဲ့ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့သွင် တို့ (၄)ဦး တို့ကို အဆိုပြုထားတာဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ အတွင်းရေးမှူးအဖြစ် အငြိမ်းစား ညွှန်ကြားရေးမှူး ဦးစန်းဝင်းတို့ကို တာဝန်ပေးအပ်ဖို့ လျာထားကြောင်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

 အသစ်ဖွဲ့စည်းမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်(၁၂)ဦးကို နိုဝင်ဘာလ(၂၃)ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိပါက နိုဝင်ဘာလ(၂၂)ရက်နေ့နောက်ဆုံးထားပြီး အမည်စာရင်း ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို လွှတ်တော်ချန်နယ်က မင်းဇင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ Reviewed by THITHTOOLWIN on 15:18 Rating: 5
Powered by Blogger.