အသံထက်မြန်တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေ တောင်ကိုရီးယားမှာ လေ့ကျင့်ပျံသန်း


ဂျပန်-တောင်ကိုရီးယားနဲ့အမေရိကန်တို့ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ ကဏ္ဍတစ်ခုအနေနဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ကိုရီးယားကျွန်းစွယ်ပေါ်မှာ မနေ့က လေ့ကျင့်ပျံသန်းခဲ့ပါတယ်။

အသံထက်မြန်တဲ့ B-1B Lancer အမျိုးအစား ဗုံးကျဲလေယဉ် ၂ စင်း ပျံသန်းခဲ့တာပါ။ အဲဒီလေယာဉ်တွေဟာ အမေရိကန်ပိုင် ဂူဝမ်ကျွန်းကနေ စထွက်ခဲ့ပြီး၊ ဂျပန်နိုင်ငံ အနောက်ဘက်မှာရှိတဲ့ ဂျပန်လေတပ်ကိုသွားခဲ့ပြီး၊ အဲဒီကနေတဆင့် တောင်ကိုရီးယား ပင်လယ်ဝါမှာရှိတဲ့ လေတပ်ကိုသွားခဲ့တာလို့ အမေရိကန် ပစိဖိတ်ဒေသဆိုင်ရာ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ မစ္စတာထရမ့်ဟာ မကြာခင်ရက်ပိုင်းမှာ တောင်ကိုရီးယားကို သွားဖို့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အသံထက်မြန်တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေ တောင်ကိုရီးယားမှာ လေ့ကျင့်ပျံသန်း အသံထက်မြန်တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေ တောင်ကိုရီးယားမှာ လေ့ကျင့်ပျံသန်း Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.