ကနီမြို့နယ် အောင်သာယာကျေးရွာအနီးတွင် စပါးအုံးမြွေကြီးတစ်ကောင်ကို ကလေးငယ်တစ်ဦးက စတင်တွေ့ရှိရာ လူငယ်များက ဖမ်း၍ ထိန်းသိမ်းစောင့်ရှောက်ထား


စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အောင်သာယာကျေးရွာအနီး တွင်နိုဝင်ဘာလ ၈ရက်နံနက်ပိုင်းကကြီးမားသည့်စပါးအုံးမြွေကြီး တစ်ကောင်ကိုကလေးငယ်တစ်ဦးက စတင်တွေ့ရှိခဲ့ရာ ကျေးရွာ လူငယ်များက ဖမ်းယူ၍ အေယင်သာယာကျေးရွာတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ကိုဝင်းဇော်ခိုင်ထံမှ သိရသည်။
`` တွေ့ထားတဲ့မြွေကြီးကိုလက်ရှိရွာမှာထိမ်းသိမ်းထားပြီးဘေးအန္တရာယ်ကင်းတဲ့နေရာမှာလွှတ်ရမလား-လှုမလားဆိုတာတိုင်ပင်နေကြပါ တယ်။ဘေး မဲ့တောမှာလွှတ်တာဖြစ်ဖြစ် ထိမ်းသိမ်းစောင့်ရှောက်ကျွေးမွေး သွားမယ့်သူရှိရင်လည်းလှုချင်ပါတယ်။အဓိကကသတ်မယ့်သူလက်ထဲ မရောက်စေချင်ပါဘူး။´´ဟုကိုဝင်းဇော်ခိုင်ကပြောကြားသည်။


တွေ့ရှိသောစပါးအုံးမြွေကြီးသည်အရှည်၈ပေ၁၁လက်မခန့်ရှိပြီး ဓါတ်ဗူးအရွယ်လုံးပါတ်ရှိကြောင်းသိရပြီးလက်ရှိတွင်အောင်သာယာကျေးရွာတွင်လူငယ်များကထိန်းသိမ်းထားကြောင်းသိရသည်။
`` အခုမှတွေ့တာဆိုတော့ထားဖို့တွေသူ့ကိုကျွေးဖို့တွေကိုလုပ်နေကြပါတယ်။အလောင်းတော်ကဿဖအမျိုးသားဥယာဉ်ကိုပို့ပေးဖို့လည်းစဉ်းစားနေကြပါတယ်။´´ဟုအောင်သာယာကျေးရွာလူငယ်တစ်ဦးကပြောပြသည်။

ကနီမြို့တစ်ဖက်ကမ်းကနဲမြို့မှတဆင့် ၅မိုင်ခန့်ဝေးသော အောင်သာယာကျေးရွာတွင် စပါးအုံးမြွေကြီးကိုတွေ့ရခြင်းဖြစ်ပြီးလက်ရှိ တွင်သက် ဆိုင်ရာသစ်တောဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်၂လခန့်ကမုံရွာမြို့ စက်မှုဇုန်စက်ရုံဝင်းအတွင်း စပါးအုံးမြွေတစ်ကောင်ကိုတွေ့ရာစက်မှုဇုန်လူမှုရေးနှင့်သစ်ပင်စိုက်နေသူများစုပေါင်း၍ဖမ်းဆီးကာစစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနသို့လွှဲအပ်ခဲ့ရာနောက်နေ့တွင်တိုင်းဒေသကြီးသစ်တောဦးစီးဌာနအစီအစဉ်ဖြင့်အလောင်းတော်ကဿဖဘေးမဲ့တောအတွင်း ဘေးမဲ့လွှတ်ပေးခဲ့သည်။

မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကနီမြို့နယ် အောင်သာယာကျေးရွာအနီးတွင် စပါးအုံးမြွေကြီးတစ်ကောင်ကို ကလေးငယ်တစ်ဦးက စတင်တွေ့ရှိရာ လူငယ်များက ဖမ်း၍ ထိန်းသိမ်းစောင့်ရှောက်ထား ကနီမြို့နယ် အောင်သာယာကျေးရွာအနီးတွင် စပါးအုံးမြွေကြီးတစ်ကောင်ကို ကလေးငယ်တစ်ဦးက စတင်တွေ့ရှိရာ လူငယ်များက ဖမ်း၍ ထိန်းသိမ်းစောင့်ရှောက်ထား Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.