မန္တလေး ၅ မြို့နယ်အတွင်းရှိ ကားဂိတ်များကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဂိတ်ဖွင့်သည့်ဂိတ် ၂၈ ဂိတ်တွေ့ရှိ


နိုဝင်ဘာ ၂၅

မန္တလေး ၅ မြို့နယ်အတွင်းရှိ ခရီးသည်တင်နှင့် ကုန်တင်ဂိတ်များကို မြို့တော်စည်ပင်မှ ဦးဆောင်၍ နိုဝင်ဘာ ၂၄ ရက်နေ့က စည်းကမ်းနှင့် မညီ သည် များကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများတပြိုင်တည်း လုပ်ဆောင် ခဲ့ရာ လိုင်စင်မဲ့ ၂၈ ဂိတ်တွေ့ရှိပြီး ခွင့်ပြုချက်မရှိဘဲပြေး ဆွဲနေသည့် ဂိတ် ယာဉ်လိုင်း၂ ဂိတ် စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင်အဝေးပြေး ယာဉ်ရပ်နား စခန်း၊ ကုန်တင်ယာဉ်ရပ်နား စခန်းများ ဖွင့်လှစ်ထားရှိပေးထားပြီး သတ်မှတ် စည်းကမ်းများနှင့် မညီဘဲ လုပ်ငန်းဆောင်ရွက်နေခြင်းများကို ယခုကဲ့သို့ ပူးပေါင်းအဖွဲဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်သာယာ အခွန် ဌာနခွဲမှူး ဦးသက်နိုင်က ပြောသည်။

“စနစ်တကျ ကားဂိတ်တွေ ဖွင့်ဖို့လုပ်ထားပေမယ့် အချို့ခရီးသည်တင်ဂိတ်တွေ ယာဉ်အသင်းတွေက စည်းကမ်း မလိုက်နာတာတွေ တွေ့ရတယ်။ စည်းကမ်းလိုက်နာဖို့နဲ့ ခရီးသည်တွေကို အတင်းအကြပ်ငွေတောင်းခံတာတွေ မဖြစ်ရအောင် စစ်ဆေးမှုတွေ လုပ်တာဖြစ်ပါတယ်။”ဟု ၄င်းကပြောသည်။

ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့သည့် မြို့နယ်များမှာ အောင်မြေသာစံ၊ ချမ်းအေး သာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ် များဖြစ်ပြီး ချမ်အေးသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ခရီးသည်တင် ကား ဂိတ်များမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

Mandalay News
https://www.facebook.com/lin.aung.777/
မန္တလေး ၅ မြို့နယ်အတွင်းရှိ ကားဂိတ်များကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဂိတ်ဖွင့်သည့်ဂိတ် ၂၈ ဂိတ်တွေ့ရှိ မန္တလေး ၅ မြို့နယ်အတွင်းရှိ ကားဂိတ်များကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဂိတ်ဖွင့်သည့်ဂိတ် ၂၈ ဂိတ်တွေ့ရှိ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.