အုတ်ဖိုမြို့တွင် သေနတ်နှင့် ကျည်ဆန်များကို ငါးဖမ်းနေသည့် ကလေး ငယ် နှစ်ဦးကတွေ့ရှိ


အုတ်ဖို၊ နိုဝင်ဘာ ၁၃။

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း၊ အုတ်ဖိုမြို့တွင် ယနေ့၊ နိုဝင်ဘာလ ၁၃ ရက် မနက် ၁၁ နာရီက ခြောက်လုံးပြူးတစ်လက် နှင့် ကျည်ဆန်လေးထောင့်ကို ရိုးအတွင်း ငါးဖမ်းနေသည့် ကလေး နှစ်ဦးက ရှာဖွေတွေ့ရှိခဲ့ကြောင်း အုတ်ဖိုမြို့မ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက AHN သို့ပြောသည်။

“ အုတ်ဖိုမြို့တောင်ဘက် တစ်မိုင်ခန့်အကွာ၊ သိမ်ကျောင်းရိုးအတွင်း ငါး မမ်းနေတဲ့ အသက် ၉ နှစ် (ယောက်ကျားလေး) နဲ့ အသက် ၆ နှစ် ( မိန်းကလေး) နှစ်ယောက်က ပလပ်စတစ် အိတ် နဲ့ထည့်ထားတဲ့၊ လုပ်သေနတ် ခြောက်လုံးပြူး (တစ်ထောင့်ထိုး၊ နံပါတ် မပါ) တစ်လက်၊ ၉မမ ကျည် နှစ်တောင့်၊ .၃၈ ကျည်တစ်ထောင့်၊ . ၃၀ ကာဘိုင် ကျည်တစ်ထောင့်၊ စုစုပေါင်း သေနတ်တစ်လက်၊ ကျည် လေးထောင့် တို့ကို တွေ့ရှိခဲ့ပါတယ်။

 ကလေးတွေက သေနတ် နဲ့ကျည်ဆန်ကို သူ့တို့ အဖေဆီအပ်ပါတယ်။ ကလေးတွေရဲ့ဖခင်က ကွေ့ချောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အပ်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျွန်တော် တို့ ရဲစခန်းကို ဒီနေ့ နေ့လယ် ၁၂း၄၅ မှာလာရောက်အပ်နှံပါတယ် “ ဟု ၄င်းကပြောသည်။

ကိုဖိုးစံ( သာယာဝတီ)
PHOTO - KPS
The Asia Heart News
အုတ်ဖိုမြို့တွင် သေနတ်နှင့် ကျည်ဆန်များကို ငါးဖမ်းနေသည့် ကလေး ငယ် နှစ်ဦးကတွေ့ရှိ အုတ်ဖိုမြို့တွင် သေနတ်နှင့် ကျည်ဆန်များကို ငါးဖမ်းနေသည့် ကလေး ငယ် နှစ်ဦးကတွေ့ရှိ Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.