ကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံး ၁ဝဝ ကို ခိုးယူသူနှင့် ခိုးယူရန် အသုံးပြုသော ပစ္စည်းများ ဖမ်းမိ


ကသာ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကလပ်ကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများအပြင် ခိုးယူဖို့အတွက် အသုံးပြုသော ပစ္စည်းများကို နိုဝင်ဘာလ ၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း သိရသည်။


 ဗန်းမောက်မြို့နယ် သရက်ကုန်းကျေးရွာအနီး ကလပ်ကြိုးဝိုင်းအတွင်း အကွက်အမှတ် ၁၂ အတွင်း သတင်းအရ ကသာခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလှိုင်၊ ဗန်းမောက်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးဇော်မျိုးလှိုင်၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာသစ်ခွဲရာတွင် ကျွန်းသစ်များကို ခိုးယူရန် အသုံးပြုသောအင်ဂျင် ၁ လုံး၊သစ်ဖြတ်စက် ၁ လုံး၊ ခိုးပြီး ခုတ်ယူပြီးသော ကျွန်းသစ်လုံး ၁ဝဝ၊ ကျွန်းသစ်ခွဲသား ၁၈၅၁ ချောင်းနှင့် သစ်ဆွဲရာတွင်အသုံးပြုသော အရပ် ၇ ပေရှိ စွယ်စုံဆင်တစ်ကောင်နှင့် ဆင်ခေါင်းချစ်အောင်၊ ဆင်ဦးစီးများဖြစ်သော ဝေယံစိုးနှင့် ကျော်သန်းထိုက်တို့ သုံးဦးအား ဖမ်းဆီးရကြောင်း သိရပါတယ်။


 စစ်မေးရာ ကျွန်း သစ်များကို တရားမဝင်ခိုးယူလုပ်ကိုင်သူသည် ဗန်းမောက်မြို့နယ် ဟဲချိန်ကျေးရွာနေ ထွေးနိုင်ဆိုသူဖြစ်ကြောင်း သိရသဖြင့် ထွေးနိုင်နှင့်အတူ အလုပ်သမားများဖြစ်တဲ့ မိုးညှင်းမြို့နယ် နန်းပုတ်ကျေးရွာနေ ချစ်အောင်၊ အင်းတော်မြို့နယ် တုံလုံကျေးရွာနေ ကျော်သန်းထိုက်၊ အင်းတော်မြို့နယ် တုံလုံကျေးရွာနေ ဝေယံစိုးတို့ ၄ ဦး တို့အား ဗန်းမောက်မြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

လူအောင်(ကသာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံး ၁ဝဝ ကို ခိုးယူသူနှင့် ခိုးယူရန် အသုံးပြုသော ပစ္စည်းများ ဖမ်းမိ ကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံး ၁ဝဝ ကို ခိုးယူသူနှင့် ခိုးယူရန် အသုံးပြုသော ပစ္စည်းများ ဖမ်းမိ Reviewed by THITHTOOLWIN on 15:44 Rating: 5
Powered by Blogger.