ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ လက်ထပ်တော့မယ်

အင်ဗစ်တပ်စ် အားကစားပွဲမှာ သူတို့နှစ်ဦး ပေါ်ပေါ်တင်တင် တွဲခဲ့
ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသားတဦးဖြစ်တဲ့ မင်းသားဟယ်ရီဟာ သူ့ရဲ့ ချစ်သူ အမေရိကန် ရုပ်ရှင်မင်းသမီး မက်ဂမ် မာကယ် နဲ့ လက်ထပ်တော့မယ်လို့ အိမ်ရှေ့မင်းသား ချားလ်စ်ရဲ့အိမ်တော်က ကြေညာလိုက်ပါတယ်။

မင်းသားဟယ်ရီဟာ ဗြိတိန်နန်းမွေ ဆက်ခံမယ့်စာရင်းမှာ ပဉ္စမနေရာမှာ ရှိပြီး သူဟာ လာမယ့် နွေဦးမှာ လက်ထပ်မှာဖြစ်ပြီး လက်ထပ်ပြီးနောက် ကန်ဆင်တန် နန်းတော်က နော့တင်ဟမ်အိမ်တော်မှာ နေထိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၆ ဇူလိုင်လမှာ သူတို့ အချစ်ဇာတ်လမ်း စတင်ခဲ့ပြီး နိုဝင်ဘာလမှာတော့ သူတို့ စေ့စပ်ခဲ့ကြပါတယ်။

ဒီနှစ် စက်တင်ဘာလကျမှ သူတို့နှစ်ဦးဟာ လူတွေကြားထဲ ပေါ်ပေါ်တင်တင် တွဲခဲ့ကြတာ ဖြစ်ပါတယ်။

မင်းသား ဟယ်ရီဟာ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာတို့ရဲ့ ဒုတိယမြောက် သားတော် ဖြစ်ပါတယ်။

RFA Burmese
http://www.bbc.com/burmese
ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ လက်ထပ်တော့မယ် ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ လက်ထပ်တော့မယ် Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.