မိတ္ထီလာ၌ ကားနောက်ဖုံးအတွင်း လူနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ မသင်္ကာသူတစ်ဦး ထပ်မံဖမ်းဆီးစစ်ဆေး

Photo - မိတ္ထီလာသတင်းစာမျက်နှာ
မိတ္ထီလာ နိုဝင်ဘာ ၂၆

စိုင်းစိုးအောင်(၃ဝ နှစ်)နှင့် ဇနီး မလင်းလင်း(၃ဝ နှစ်)တို့ ကားနောက်ဖုံးအတွင်း သေဆုံးမှုနှင့်စပ်လျဉ်း၍ မသင်္ကာသူနှစ်ဦးအား စစ်ဆေးနေကြောင်း သိရသည်။

မိတ္ထီလာမြို့၌ နိုဝင်ဘာ ၁၇ ရက်ညက ဈေးအရှေ့ပြင်နယ်မြေကန်ပတ်လမ်း ဇွဲရုံတောင်ဘက် ခရစ်ယာန်ဘုရားကျောင်းအနီး အုတ်ခုံအား Fuga Nissanဆလွန်းယာဉ်က ဝင်ရောက်တိုက်မိကာ ရပ်တန့်ထားခဲ့ပြီး အဆိုပါယာဉ်အတွင်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာနေ လှမိုးထက်(၁၉ နှစ်)အား နိုဝင်ဘာ ၂ဝ ရက်တွင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ လှမိုးထက်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၄ ရက် က ဇွဲမြင့်မိုရ်၊ ကိုကိုမောင်နှင့် လှမိုးထက်တို့ စိုင်းစိုးအောင်၏ နေအိမ်တွင်ရှိနေစဉ် ဇွဲမြင့်မိုရ်က အိမ်ပေါ်တက်၍ စိုင်းစိုးအောင်တို့ လင်မယားအား သတ်၍ အလောင်းများကို ကားနောက်ဖုံးအတွင်းထည့်ကာ မောင်းနှင်လာစဉ် မိတ္ထီလာအရောက်တွင် အုတ်ခုံအား ကားဖြင့်တိုက်မိကာ ရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိုင်းစိုးအောင်၏တပည့် အရောင်းအဝယ်ပြုလုပ်သူ ကိုကိုမောင် (၃၈နှစ်)နှင့် လှမိုးထက်တို့နှစ်ဦးအား အမှုဖွင့် စစ်ဆေးနေကြောင်း သိရ သည်။

တင်လှိုင်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိတ္ထီလာ၌ ကားနောက်ဖုံးအတွင်း လူနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ မသင်္ကာသူတစ်ဦး ထပ်မံဖမ်းဆီးစစ်ဆေး မိတ္ထီလာ၌ ကားနောက်ဖုံးအတွင်း လူနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ မသင်္ကာသူတစ်ဦး ထပ်မံဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.