တာချီလိတ်၌ ကျပ်သိန်းပေါင်း ၄၃၈ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် စိတ်ကြွရှုးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


တာချီလိတ် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်နှင့် ဖန်မင်အုပ်စု၊ စလီရွာတို့၌ နိုဝင်ဘာ ၁၂ရက်နေ့က ၂၄ နာရီအတွင်း ကျပ်သိန်းပေါင်း ၄၃၈ သိန်း ကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ သစ္စာလမ်းနှင့် ခွာညိုလမ်းဒေါင့်၊ ရှမ်းရွှေမြေကားဂိတ်အနီး မိုင်းဆတ်သို့ သွားရောက်မည့် ခရီးသည်တင်ကား စောင့်ဆိုင်းနေသည့် နန်းကူ (၄၁ နှစ်)၊ နားတွန်ရွာ၊ ကျေးသီးမြို့နယ်၊နန်းခေါင်လူ (၁၇ နှစ်)၊ နန်းစံငွေ (၁၇ နှစ်)၊ နန်းနုယဉ် (၁၈ နှစ်)နှင့်ဆန်လူး (၂၈ နှစ်) ခမ်းဖိတ်ရွာ၊ မိုင်းခွန်အုပ်စု၊ မိုင်းကိုင်မြို့နယ်၊ နေသူတို့အား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေရာ နန်ကူထံမှ ဘိန်းစိမ်းအမဲရောင်အစေးအလေးချိန် ၅ ဒသမ ၂ ကီလိုခန့်၊ ဆန်လူးထံမှ ဘိန်းစိမ်းအမဲရောင်အစေးအလေးချိန် ၅ ဒသမ ၂ ကီလိုခန့်၊ နန်းခေါင်လူထံ မှ ဘိန်းစိမ်းအမဲရောင်အစေးအလေးချိန် ၅ ဒသမ ၃ ကီလိုခန့်၊ နန်းစံငွေထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝ ပြား၊ အလေးချိန် ၂ဝဝ ဂရမ်(ဒေသတန်ဖိုးကျပ် သိန်း ၂ဝ နှင့် ဘိန်းစိမ်းအမဲရောင်အစေး အလေးချိန် ၆ ဒသမ ၂ ကီလိုခန့်၊ နန်းနုယဉ်ထံမှ ဘိန်းစိမ်းအမဲရောင်အစေးအလေးချိန် ၅ ဒသမ ၈ ကီလိုခန့်၊ စုစုပေါင်းဘိန်းစိမ်းအလေးချိန် ၂၇ ဒသမ ၇ ကီလိုခန့် (ဒေသတန်ဖိုးကျပ်သိန်းပေါင်း ၄၁၅ ဒသမ ၅ သိန်းကျပ်ခန့်)တို့အား သိမ်းဆည်းရမိသည်။

အလားတူနိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ စလီရွာရှိLevel ကားအလှဆင်ဆိုင်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား စိုင်းနွန်း(ခ)ထေဝါဆပ်ရွတ် (အမျိုးသား)အား တွေ့ရှိပြီး ဆက်လက်ရှာဖွေရာ ၄င်းအိပ်သည့်အိပ်ခန်းအတွင်းမှ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၁ဝ ပြား၊ အလေးချိန် ၃၁ ဂရမ်ခန့်(ဒေသတန်ဖိုး ၃၁ဝဝဝဝ ကျပ် ခန့်)နှင့် စိတ်ကြွဆေးပြားရှုရာတွင် အသုံးပြုသည့် အအေးစုပ်ပိုက် တပ်လျက် ဖန်ပုလင်းငယ် တစ်ခုအား သိမ်းဆည်းရမိသည်။

အမှုမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ နန်းကူ (၄၁ နှစ်)၊ နန်းခေါင်လူ (၁၇ နှစ်)၊ နန်းစံငွေ (၁၇ နှစ်)၊ နန်းနုယဉ် (၁၈ နှစ်)၊ ဆန်လူး (၂၈ နှစ်)နှင့်ထိုင်းနိုင်ငံသား စိုင်းနွန်း(ခ)ထေဝါဆပ်ရွတ်၊ (၃ဝ နှစ်)တို့အား တာချီလိတ်မြို့မရဲစခန်းကမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၌ ကျပ်သိန်းပေါင်း ၄၃၈ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် စိတ်ကြွရှုးသွပ်ဆေးပြားများ ဖမ်းဆီးရမိ တာချီလိတ်၌ ကျပ်သိန်းပေါင်း ၄၃၈ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် စိတ်ကြွရှုးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.