ပုပ်ရဟန်းမင်းကြီး မဟနနဲ့ တွေ့ဆုံမည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို တွေ့ရစဉ်။ Photo:pope-francis (facebook)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ကြွရောက်မယ့် အချိန်အတွင်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံမယ့် အချိန်နဲ့ နေရာအသေးစိတ်အချက်အလက်ကို မကြာခင်မှာ ထပ်ပြီးထုတ်ပြန်သွားမယ်လို့ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီနေ့ ပြောပါတယ်။

ပုပ်ရဟန်းမင်းနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့ တွေ့ဆုံချိန်မှာ ကမ္ဘာ့ငြိမ်းချမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ကြွရောက် မှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ မြန်မာနိုင်ငံက ရိုမန်ကတ်သလစ် ဘာသာဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ အဲဒီ တွေ့ဆုံပွဲကို အိမ်နီးချင်းနိုင်ငံတွေက ကတ်သလစ် ဘာသာဝင်တွေလည်း တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မသုံးနှုန်းဖို့အတွက် မြန်မာနိုင်ငံ ကတ်သလစ် ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘိုက မေတ္တာရပ်ခံထားပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ