မန္တလေးတွင် စက်သုံးဆီဈေးနှုန်း ရက်ပိုင်းအတွင်း ဈေးမြင့်နှုန်းမြင့် တက်နေ

မန္တလေးတွင် စက်သုံးဆီဈေးနုးန် ရက်ပိုင်းအတွင်း ဈေးမြင့်နုန်းမြင့် တက်နေ
နိုဝင်ဘာ ၂၅

မန္တလေးမြို့တွင် ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များတွင် လက် ကျန်နည်းပါးခြင်းနှင့် ကမ္ဘာ့စက် သုံး ဆီဈေးမှာ တစ်ပေပါလျင် ဒေါ်လာ ၇၀ ခန့်မြင့်တက်ခြင်းတို့ကြောင့် မန္တလေးစက်သုံးဆီ ဈေးကွက်တွင် ရက်ပိုင်းအ တွင်း မြင့်တက်လာနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

သဘာဝဘေးကြောင့် အမေရိကန်နှင့် မက်ဆီကို ပင်လယ်ကွေရှိ အဓိက စက်သုံးဆီချက်စက်ရုံများ ထုတ်လုပ်မှု မပြည့်မှီခြင်းနှင့် ပြည်တွင်း ၌ ရေနံစိမ်းမှ စက်သုံးဆီချက်လုပ်ခြင်းက ဖြည့်ဆည်းမပေးနိုင်ခြင်းကြောင့် ဈေးမငြိမ်ဘဲ အတက်ဖက်ရောက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကမ္ဘာ့စက်သုံးဆီဈေး မတည်ငြိမ်ဘူး။ ပြည်တွင်းလည်း ဈေးတက်လာ တယ် ။ ပြည်ပကစက်သုံးဆီဖြန့်တဲ့ ကုမ္ပဏီ ကြီးတွေက အမြတ်နည်းလာရင် ဈေး ကစားတော့ ၀ယ်ရတဲ့ နိုင်ငံတွေ မှာလည်း ထိခိုက်တာပေါ့။ ရန်ကုန် ကနေ မန္တလေးကို ပို့ရာမှာ အခက်အခဲ တွေရှိနေလို့ပါ။”ဟု မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဒေါက်တာဝင်းမြင့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်သုံးဆီအရောင်းဆိုင် ၁၀၀၀ ကျော် ရှိ၍ စက်သုံးဆီ တစ်လီတာလျင် နိုဝင် ဘာ၂၄ ရက်တွင် ပရီးမီးယား ဒီဇယ် ၈၄၀ ကျပ်၊ ရိုးရိုးဒီဇယ် ၈၂၀ ကျပ်၊ အောက်တိန်း(92) ၈၆၀ ကျပ်၊ 95 ၉၃၅ ကျပ် ဖြင့် လက်လီရောင်းချနေပြီး အောက်တိုဘာလနောက်ဆုံးအပတ်က ပရီးမီးယားဒီဇယ် ၇၉၅ ကျပ်၊ ရိုးရိုး ဒီဇယ် ၇၇၀ ကျပ်၊ အောက်တိန်း (92) ၈၀၀ ကျပ်နှင့် (95) ၈၉၀ကျပ်ရှိခဲ့ရာ တစ်လီတာလျင် ကျပ် ၅၀ ၀န်းကျင် ဈေးတက်ခဲ့သည်။

Mandalay News
https://www.facebook.com/lin.aung.777/
မန္တလေးတွင် စက်သုံးဆီဈေးနှုန်း ရက်ပိုင်းအတွင်း ဈေးမြင့်နှုန်းမြင့် တက်နေ မန္တလေးတွင် စက်သုံးဆီဈေးနှုန်း ရက်ပိုင်းအတွင်း ဈေးမြင့်နှုန်းမြင့် တက်နေ Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.