သုံးခွမြို့ ၌ စပါးတင်ယာဉ်မှ လမ်းလျှေက်နေသူအား တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး


သုံးခွ - နိုဝင်ဘာ ၉

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့  အမှတ်(၂)ရပ်ကွက်၊ (၃၁)ဧက ကန်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး သွားကြောင်း နိုဝင်ဘာ ၈ ရက် ည ၉ နာရီခန့်က သိရသည်။

ဖြစ်စဉ်စုံစမ်းကြည့်ရာ စပါးတင်ယာဉ်အမှတ် 2F/---- BEUINI အပြာရောင်၊ မောင်းနှင်သော လှမျိုးအောင်(ခ) မျိုးကြီး အသက်(၂၈)နှစ် (ဘ)ဦးဝင်းရွှေ၊ အလံတိုင်ကန်လမ်း၊ (၉)ရပ်ကွက်၊ သုံးခွမြို့ နေသူသည် (၃၁)ဧကကန်အနီး လမ်းဘေးလမ်းလျှောက်နေသူ ကိုစိုးအောင် အသက်(၂၈)နှစ် (ဘ) ဦးသိန်းကြည် ၊ မင်းရဲကျော်စွာလမ်း၊ သုံးခွမြို နေသူအား တိုက်မိသဖြင့် ယာဘက်ဗိုက်ပွန်း၊ ဆီးခုံဘေးပေါက်ပြဲပွင့်ထွက်၊ ဒဏ်ရာများ ရရှိကာ နေရာတွင် သေဆုံးသွား၍
ရဲဆေးစာနှင့်အတူ သုံးခွဆေးရုံသို့တင်ပို့အပ်ရာ PR-033 ဖြင့် လက်ခံစစ်ဆေးသည်။

သုံးခွမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ၊ လှမျိုးအောင်(ခ) မျိုးကြီး အား အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကြည်စိုးလွင်-(သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုံးခွမြို့ ၌ စပါးတင်ယာဉ်မှ လမ်းလျှေက်နေသူအား တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး သုံးခွမြို့ ၌ စပါးတင်ယာဉ်မှ လမ်းလျှေက်နေသူအား တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.