မိုင်းပန်တွင် မိုးကြိုးထိမှန် သေဆုံးမှုဖြစ်


မိုင်းပန် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စု ၊ ဟိုဖိုင်လုံကျေးရွာအနီးရှိ လယ်ကွင်းအတွင်းတွင်​​ နိုဝင်ဘာလ ၂၄ ရက်နေ့ ည​နေ ၄နာရီ ၅ဝ မိနစ် အချိန်ခန့်​၌ အမျိုးသမီးတစ်ဦး  မိုးကြိုးထိမှန် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလင်းကျေးရွာနေ စိုင်းထွန်းမြတ် နှင့် နန်းခြိုက် တို့ လင်မယားနှစ်ဦး နှင့် နန်းခြိုက်၏အကိုဖြစ်သူတို့သည် မိုးရွာသွန်းနေချိန်၌ ၎င်းတို့၏ ကြက်သွန်ခင်းအတွင်း ရေများဖောက်ချနေစဉ် မိုးကြိုးပစ်​ခံရခြင်း ဖြစ်သည်။


 နန်းခြိုက် (၂၈နှစ်)တွင် ဝဲဘက်ဝမ်းဗိုက် ဝဲနံဘေးတို့တွင် မီးလောင်စုတ်ပြဲဒဏ်ရာ နှင့် ဦးခေါင်းဝဲဘက် ဂျိုဇောင်း မီးလောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိသည်။

 သေဆုံးသူ၏ အမျိုးသားစိုင်းထွန်းမြတ် နှင့် အကိုတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း မေးမြန်းအတည်ပြုချက်များအရ သိရသည်​။

မိုင်းပန် မြို့နယ် (ပြန်/ဆက်)
မိုင်းပန်တွင် မိုးကြိုးထိမှန် သေဆုံးမှုဖြစ် မိုင်းပန်တွင် မိုးကြိုးထိမှန် သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.