တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


တာချီလိတ် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဟုမ်းမတ်လမ်းရှိ ဂိုဒေါင်တွင် နိုဝင်ဘာ ၂၄ ရက်၊ ညနေပိုင်းက ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများဖမ်းဆီးရမိကြောင်းသိရသည်။

 ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ရန်အောင်မြေရပ်ကွက်၊ ဟုမ်းမတ်လမ်း၊အမှတ်(ပလ-၁/၆၉၅)ရှိအားချူး(ကျား) ငှားရမ်းနေထိုင်သည့် ဂိုဒေါင်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းအရ မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ ဂိုဒေါင်အတွင်း ဝင်ရောက်ရှာဖွေရာ အားချူ(ကျား)နှင့်အတူ ထိုင်းနိုင်ငံသား ကိုင်(ခ)Mr.Prasan တို့ကို တွေ့ရှိရသည်။

 ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးပြား ၆၂၂၀၀ ပြား၊ ဒေသတန်ဖိုးငွေကျပ် (၆၂၂)သိန်းခန့်၊ စိတ်ကြွ ဆေးမှုန့်(၂ဒဿမ၁)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ်(၂၁၀)သိန်းခန့်၊ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်မျိုးစုံ (၃၄၉) တောင့်၊ အက်တက်စီဆေးပြား ၉၀၀ ပြား၊ ဒေသတန်ဖိုးငွေကျပ်သိန်း (၃၆၀)ခန့်၊ ဘိန်းညိုဘလောက်တုံး (၇)တုံး၊ ဒေသတန်ဖိုးငွေကျပ်(၂၃၁)သိန်းခန့်၊ ကဖင်း(၁၆)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ်(၁၂ဒဿမ၈)သိန်းခန့်၊ အဖြူရောင်အနံ့မှုန့် အလေးချိန်(၁)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ် (၃၅၀၀)ကျပ်ခန့်၊ Vanilineအဖြူရောင်အနံ့မှုန့် အလေးချိန်(၃၅)ကီလိုခန့်၊ ဒေသတန်ဖိုငွေကျပ်(၉ဒဿမ၈)သိန်းခန့်၊ အနံ့ဆေးရည် အလေးချိန် ၂၀ လီတာခန့်၊ ဒေသတန်ဖိုးငွေကျပ် ၄၀၀၀၀ခန့်၊ မော်တာတပ်ဆင်လျက် ဆေးပြားရိုက်စက်(၂)လုံးနှင့် ဆေးပြားရိုက်ရာတွင် အသုံးပြုသည့်သံမှိုများ၊ ဒေသတန်ဖိုးငွေ ထိုင်းဘတ် လေးသိန်းခန့် ၊ မီးခံသေတ္တာတစ်လုံးနှင့် ငွေသား ထိုင်းဘတ်ငွေ တစ်သောင်း ၊ အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ၊ မော်တော်ယာဉ် နှစ်စီး၊ စုစုပေါင်း သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၆၀၇ သိန်းကျော်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ မူးယစ်ဆေးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် အားချူ နှင့် ထိုင်းနိုင်ငံသား ကိုင်(ခ)Mr. Prasan တို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:26 Rating: 5
Powered by Blogger.