လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ ဇနီးဖြစ်သူသေဆုံး

လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ ဇနီးဖြစ်သူသေဆုံးသည့် အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၇

နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၁၈ လမ်းထိပ်၌ လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း သိရပါသည်။

လင်မယားချင်း စကားများရန်ဖြစ် နေကြောင်း သတင်းအရ လသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက
အခင်းဖြစ်နေရာသို့ သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါ နေရာ၌ လှိုင်သာယာမြို့နယ်နေ ဒေါ်-----(၃၅)နှစ်ကို ၎င်း၏ ခင်ပွန်းဖြစ်သူ ဇင်ကို(၃၆)နှစ်က စကားများရန်ဖြစ်စဉ် သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ ဒေါ်-----တွင် ဦးခေါင်းထိပ် စုတ်ပြဲ၊ ဦးခေါင်းနှောက်စေ့စုတ်ပြဲဒဏ်များ ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုရိမ်းရ)အဖြစ် တင်ပို့ကုသခဲ့ရသည်။

 အခင်းဖြစ်နေရာအနီး၌ ပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့သည့် အရှည် ၁ ပေ ၁၀လက်မ လုံးပတ် ၅ မူးသားခန့်ရှိ သံတူရွင်းအား သိမ်းဆည်းရရှိကာ လသာမြို့မရဲစခန်းတွင် (ပ) ၃၈၇/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး ဒေါ်----မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ မွန်းလွဲ ၁၄၄၀ အချိန်တွင် သေဆုံးသွားခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ လသာမြို့ မရဲစခန်းမှတပ်ဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ရဲစခန်းများနှင့်ချိတ်ဆက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၀၈း၄၀ အချိန်တွင်
လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ ဇင်ကိုအား တွံတေးမြို့နယ်၊ တွံတေး-မအူပင်လမ်းပေါ်ရှိ ဒကလတ်ကျေးရွာမှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဇင်ကိုအား စစ်ဆေးရာ ၎င်းသည် ၂၆.၁၁.၂၀၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် လှိုင်သာယာမြို့နယ်နေအိမ်မှ ဇနီးဖြစ်သူ ဈေးရောင်းချသည့် လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၁၈ လမ်းသို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူ လူမှုရေးဖောက်ပြန်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်စဉ် သံတူရွင်းဖြင့် ရိုက်နှက်ခဲ့ကြောင်းပေါ်ပေါက်ခဲ့၍ ဇင်ကိုအား အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ ဇနီးဖြစ်သူသေဆုံး လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ ဇနီးဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.