တိဘက်အလံကိုင်ဆန္ဒပြမှု တရုတ်ဘောသမားတွေကြုံ

 ဇူလိုင်လတုန်းက တရုတ်နှစ်သင်း ကန်ခဲ့တဲ့ ပွဲစဉ်အတွင်း ပရိတ်သက်ရဲ့ အားပေးထောက်ခံမှု တွေ့ရပုံ
ဂျာမနီနိုင်ငံမှာ ကန်တဲ့ တရုတ်နဲ့ ဂျာမနီ အသက်၂၀ နှစ်အောက် လူငယ် ချစ်ကြည်ရေး ပွဲစပြီး ၂၅မိနစ်အကြာမှာ ပရိတ်သက် ခြောက်ယောက်လောက်က တိဘက် အလံတွေ ဝှေ့ယမ်းကိုင်ဆောင် ဆန္ဒပြခဲ့ တာကြောင့် တရုတ်ကစားသမားတွေ ဒေါသတကြီး ကွင်းထဲက ထွက်သွားပါတယ်။

တိဘက်ဒေသကို တရုတ်တို့ အုပ်ချုပ်နေမှုကို မကျေနပ်တဲ့အနေနဲ့ အ ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

အလံတွေ ပြန်သိမ်းလိုက်ပြီး တဲ့အခါမှာ တရုတ် ဘောလုံးသမားတွေ ကွင်းထဲပြန်ဝင်လာခဲ့ပါတယ်။

မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ အသက်နှစ်ဆယ်အောက် လူငယ် ဘောလုံးပွဲမှာ တရုတ်အသင်းက သုံးဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပြီး ဒီကစားပွဲကို တရုတ်နိုင်ငံမှာ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

တိဘက်ဟာ တရုတ်နိုင်ငံပိုင်မဟုတ်ဘူးဆိုတဲ့ ဘယ်ပြောဆိုချက်မျိုးကို မဆို တရုတ်ပြည်သူအများက လက်မခံတာကြောင့် ဒါဟာ တရုတ်နိုင်ငံမှာ အတိမ်းအစောင်းမခံတဲ့ ကိစ္စတခုလို ဖြစ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိဘက်အလံကိုင်ဆန္ဒပြမှု တရုတ်ဘောသမားတွေကြုံ တိဘက်အလံကိုင်ဆန္ဒပြမှု တရုတ်ဘောသမားတွေကြုံ Reviewed by THITHTOOLWIN on 15:19 Rating: 5
Powered by Blogger.