အီရတ် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ခုနစ်ဦးသေဆုံး


ဘဂ္ဂဒက် နိုဝင်ဘာ ၁၂

အီရတ်တပ်မတော် ရဟတ်ယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က ပျံသန်းလေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း မတော်တဆပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူ ခုနစ်ဦးလုံး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာနှင့် အီရတ်လေကြောင်းအင်အားစုမှ အာဏာပိုင်များက ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားလုပ်MI- 17 ရဟတ်ယာဉ်သည် ကွတ်တောင်ပိုင်းပြည်နယ်အနီး၌ ပျက်ကျသွားခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြသည်။ လေယာဉ်ပျက်ကျမှု အတွင်း လေယာဉ်ပိုင်းလော့နှစ်ဦးနှင့် တပ်မတော်အရာရှိ ငါးဦးတို့ သေဆုံးခဲ့သည်ဟု အီရတ်လေကြောင်းအင်အားစုမှ အာဏာပိုင်များက ရိုက်တာသို့ ပြောကြား ခဲ့သည်။

နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ရခြင်းဖြစ် ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဖော်ပြသည်။

အမေရိကန်ဦးဆောင်သည့် ကျူးကျော်ဝင်ရောက်မှုကြောင့် ၂ဝဝ၃ ခုနှစ်တွင် ဆက်ဒမ်ဟူစိန် ဖြုတ်ချခံခဲ့ရပြီးနောက် အီရတ်သည် က္ဘာ့အကြီးဆုံး လေကြောင်း အင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ၄င်း၏ လေကြောင်းအင်အားစုကို ဖြည်းဖြည်းချင်း ပြန်လည်ဖွဲ့စည်း တည်ဆောက်လျက်ရှိသည်။

ရိုက်တာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ